အခန်း(၁၄)

7.1K 1.4K 42
                                    

{Unicode}

"တစ်ကယ်ကြီး"

ဖန်းကျိုးမူ .. "ဟုတ်ပါတယ်ဆို"

ဖန်းကျိုးမူ သူ အိပ်နေသည့် ပုံစံကို တစ်ဘက်ပြောင်းလိုက်ပြီး သူ့ ခြေထောက်တွေကို ထောင်ထားလိုက်ကာ အေးအေးသက်သာ အသံနှင့်

"ဈေးက ထက်ဝက်ကျော်တောင်မကဘူး .. ချရောင်းနေတာ .. အဲ့ဒါနဲ့ ကျွန်တော်လည်း နှစ်ခါတောင် မစဥ်းစားဘူး .. ဝယ်ချလိုက်ရော .. ဘယ်လို သိမှာလဲ .. သူ့အနံ့က အရမ်းပြင်းနေမယ်လို့ .. နောက်တစ်ခါ ဘယ်လောက်ပဲ ဈေးချချ .. မဝယ်ခင် သေချာကြည့်မှရမယ်"

ဖန်းကျိုးမူက အားမရှိတော့သည့် ပုံနှင့် ဆက်ပြောသည်။

"ကျွန်တော် ဈေးချနေတဲ့ ဟင်းခတ်အမွှေးအကြိုင်ဘူးလည်း ဝယ်လာမိသေးတယ် .. နေတဲ့နေရာ ပြန်ရောက်ခါကျမှ ကျွန်တော်နေတဲ့ နေရာမှာ မီးဖိုချောင်မရှိဘူးဆိုတာ သတိရတယ် .. အရင်ကနေတဲ့ နေရာမှာတုန်းက ရှိတယ်လေ .. အဲ့ဒါကြောင့် လိုတယ်ဆိုပြီး ဝယ်လိုက်မိတာ"

စုန့်ယွမ်ရှန် .. "မင်း ဟင်းချက်တတ်တယ်ပေါ့"

ဖန်းကျိုးမူ .. "ချက်တတ်တယ် .. ဒါပေမဲ့ သိပ်တော့ မချက်စားဖြစ်ပါဘူး .. အရင် ကျွန်တော်နေတဲ့ နေရာမှာက ချက်လို့ရတယ်ဆိုပေမဲ့ အများသုံး မီးဖိုချောင်လေ .. လူများတော့ သိပ်မသန့်တာနဲ့ စားချင်လွန်းအားကြီးမှပဲ ချက်ဖြစ်တာ"

စုန့်ယွမ်ရှန်သည် ပှံမှန်ပြောနေကြအတိုင်းလေးပဲ ပြောလိုက်သည်။

"ကိုယ့်အိမ်က မီးဖိုချောင်ကတော့ အရမ်းကျယ်တယ်"

ဖန်းကျိုးမူ .. "အိုး"

ပြီးတော့ သိပ်မထူးခြားသည့်ပုံနှင့် ဆက်ပြောသည်။

"ခင်ဗျားအိမ်က မီးဖိုချောင် ကျယ်လည်း ကျွန်တော် ဘာမှ လုပ်လို့မရဘူးလေ .. မဟုတ်ရင် ကျွန်တော့်ကို ခင်ဗျားဆီ လာပြီး ချက်ကျွေးစေချင်လို့လား"

စုန့်ယွမ်ရှန် ဘာပြန်ပြောရမယ်မှန်း မသိလိုက်ခင်မှာပင် ဖန်းကျိုးမူက လေသံ ခပ်လေးလေးနှင့် ဆက်ပြောသည်။

"ဒါမှ မဟုတ်ရင်လည်း ခင်ဗျားဆီကို လာစေချင်တာလား"

တိတ်ဆိတ်သွားသည့် စုန့်ယွမ်ရှန်ကို ဖန်းကျိုးမူက ရယ်စားလို့နေသည်။

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Donde viven las historias. Descúbrelo ahora