အတိတ်နေ့ရက်များဆီသို့ ရှောင်ကျန့် ရောက်ရှိသွားတော့သည်။
ဟန်နဲ့ဝမ် နှစ်နိုင်ငံ စစ်ပြေငြိမ်းရသည့် အကြောင်းအရင်းဟာ ရီကျန်းက အစပြုခဲ့ပြီး ရှောင်ကျန့်က အဆုံးသတ်ပေးခဲ့သည်။
စစ်ပွဲအတွက် လက်နက်ဟာ အရေးကြီးသလို စားနပ်ရိက္ခာသည်လည်း တစ်တောင့်တစ်နေရာကနေ အရေးပါသည်။
ရှောင်ကျန့်ဟာ ဓားသိုင်းကျင့်သည့် လူငယ်များကြား ထူးချွန်သူဖြစ်သည်မို့ စစ်ပွဲတွင် စတေးမခံလို၍ ရှင်ဘုရင်က ရိက္ခာဆောင် ကြီးကြပ်ရေးတွင် တာဝန်ပေးထားခဲ့သည်။
စာပေ ၊ ဂီတ ၊ ဓားရေး အကုန် တတ်ကျွမ်းသော ရှောင်ကျန့်ဟာ နေ့ဘက်တွင် စစ်ပွဲကြောင့် ပင်ပန်းခဲ့သည့် စစ်သည်များကို စောင်းတီးကာ ဖျော်ဖြေတတ်သည်။ ထို့ကြောင့် ရှောင်ကျန့်ကို ရေခဲနတ်သားဟု တင်စားကြသည်။ ရှောင်ကျန့် တီးခတ်ပေးသော သံစဉ်ဟာ နူးညံ့နေသော်လည်း တစ်ချက်ပင် ရှောင်ကျန့်ဟာ အပြုံးအရီမရှိ။
ရှောင်ကျန့် ရိက္ခာဆောင်ကို သေချာစစ်ဆေးပြီးနောက် အစောင့်တိုးချကာ တစ်ရက်တာ ပင်ပန်းနွမ်းနယ်မှုကို အဆုံးသတ်ရန် အိပ်ဆောင်ဝင်ခဲ့သည်။
ရှောင်ကျန့်ဟာ သတိရှိသူပီပီ နားထဲဝင်လာသည့် ခြေပေါ့ပေါ့သံများကြောင့် အိပ်ယာဘေးတွင် ထောင်ထားသည့် ဓားကို ယူကာ အပြင်ထွက်လာခဲ့သည်။
ရှောင်ကျန့် အပြင်ရောက်လေတော့ အစောင့်အားလုံး သေဆုံးနေသည်။ ရှောင်ကျန့် ဓားကို ကျစ်နေအောင် ကိုင်ကာ သတိအနေအထားနှင့် လျှောက်နေသည်။ လုပ်ကြံသူဟာ ပိရိသည်။ အသံပင်မကြားရ။ ရှောင်ကျန့် ရိက္ခာဆောင်ရဲ့ တံခါးကို ဖွင့်ခါနီး ကြီးမားသည့် မီးတောက်များ လက်နက်ဆောင်မှ ထွက်လာခဲ့သည်။
ရှောင်ကျန့် အိပ်နေသည့် စစ်သည်များကို နိုးကာ လက်နက်ဆောင်သို့ ပုံးဆွဲ၍ ပြေးရတော့သည်။ အားလုံးဟာ လက်နက်တိုက်ဆီတွင်သာ လုံးပန်းနေရချိန် အနောက်ဘက်က ရိက္ခာဆောင်က မီးလောင်လာပြန်သည်။
ဝမ်ဘက်က အောက်တန်းကျသည့် နည်းကိုသုံးသွားသည်။ ရှောင်ကျန့်နှင့်အတူ စစ်သူကြီးနှင့် အခြားတပ်မူးများ ပြေးထွက်သွားသည့် လူရိပ်နောက်သို့ လိုက်ကြရသည်။
![](https://img.wattpad.com/cover/252213167-288-k628094.jpg)