ရှောင်ကျန့်ရဲ့ တုန်လှုပ်သွားသည့် အော်သံကြောင့် ရိပေါ်ကော ရီကျန်းပါ နောက်လှည့်ကြည့်ခဲ့သည်။
ကာကွယ်ရေးအမတ်ရဲ့ ဓားသွားအောက်တွင် ဝမ်ဘုရင် နတ်ရွာလားသွားခဲ့ရသည်။
ရိပေါ် လည်ပင်းပေါ်တွင် ထောက်ထားသည့်ဓားကို တွန်းဖယ်ကာ ရီကျန်းရဲ့ လက်ကို ရိုက်ထုတ်ပြီး လဲကျသွားသည့် မင်းကြီးထံသို့ ပြေးသွားတော့သည်။
- ခမည်းတော်.....
ရိပေါ် ဘေးတွင်ရပ်နေသည့် ကာကွယ်ရေး အမတ်အား လည်ပင်းကို ညစ်သည်။ ကာကွယ်ရေး အမတ်တွင် ပြေးလမ်းမရှိခဲ့။ နံရံကို ကျောကပ်ခံထားရကာ လည်ပင်းညစ်ခံနေရသည်။
မျက်ခမ်းစပ်များ နီရဲနေတာ ဘီလူးတစ်ကောင်လို ဖြစ်နေသည့် ရိပေါ်ဟာ ကြောက်စရာကောင်းလွန်းသည်။
- မင်းလို အမျိုးယုတ်ကများ....ဘုရင်တစ်ပါးကို သတ်ရဲတယ်.....
ကာကွယ်ရေးအမတ် မျက်နှာတစ်ခုလုံး နီရဲနေပြီး လေရှုလို့ပင် မရတော့။ မျက်လုံးများ ပြူးနေခဲ့သည်။ ရိပေါ်က ထိုပုံကို အရသာခံကြည့်နေကာ အားထည့်၍ ပိုညစ်ခဲ့သည်။ အားစိုက်မှုကြောင့် လက်မှ ဒဏ်ရာဟာ သွေးပို၍ ယိုစိမ့်လာခဲ့သည်။
ရီကျန်းက ဓားကို ကောက်ကိုင်ပြီး ရိပေါ်ကို တိုက်ရန်ပြင်သည်။ သို့ပေမဲ့ သူ၏ ဗိုက်ထဲသို့ အရင်ဦးဆုံး ဓားသွားဟာ ဝင်ရောက်လာခဲ့လေပြီ။
ထိုဓားဟာ ရိပေါ်ရဲ့အပိုင် ကျောက်စိမ်းဓား။
- မင်း....မင်း
မကြာခဲ့ပါ။ ရှောင်ကျန့်ကို သွားရှာသည့် လက်ရွေးစင် တပ်ဖွဲ့ရောက်လာခဲ့သည်။ ရိပေါ် တိုက်ခိုက်သံများကြောင့် ကာကွယ်ရေးအမတ်ကို လွှတ်လိုက်ကာ ရှောင်ကျန့်ကို ကူတိုက်ပေးသည်။
ရှောင်ကျန့်လည်း ပြတ်ရှ ဒဏ်ရာအနည်းငယ် ရခဲ့သည်။ ရိပေါ်ကတော့ ရီကျန်းနှင့် တိုက်ခိုက်နေခဲ့သည်။ ရှောင်ကျန့် တိုက်ခိုက်ရင်း ရိပေါ်ဖက်သို့ ခဏခဏ လှည့်ကြည့်သည်။
ထိုတစ်ခါ လှည့်အကြည့်တွင် ရိပေါ်ရဲ့ နောက်ကျောတွင် ဓားကိုင်ပြီးရပ်နေသည့် ကာကွယ်ရေးအမတ်။
![](https://img.wattpad.com/cover/252213167-288-k628094.jpg)