10

2.9K 270 16
                                    

ရှောင်ကျန့် အေးဆေးစွာပင် ရေနွေးသောက်နေခဲ့သည်။ ဆောင်ကြာမြိုင်တွင် တွေ့ဖို့ချိန်းသော ထိုလူသည် လူကောင်းတော့ မဖြစ်နိုင်။ ရှုပ်ရှုပ်ယှက်ယှက် လုပ်လာခဲ့လျှင်တော့ ဓားနဲ့ ပိုင်းဖြတ်ဖို့ရာ အဆင်သင့်။

- မင်း ဘယ်သူလဲ?

ရိပေါ်ကတော့ ဒီအတိုင်းသာ ပွဲကြည့် ပရိသတ်အဖြစ် ရှိနေခဲ့သည်။ ကျိုးချန် မသေတော့ သူပျော်တာပေါ့။ လောကကြီးထဲမှာ ရှောင်ကျန့်ကို မမြင်နိုင်တဲ့နေရာကနေ စောင့်ရှောက်ပေးမယ့် ရိပေါ်ရှိနေသလို လက်တိုလက်တောင်း ခိုင်းလို့ရသည့် ကျိုးချန်လည်း ရှိသေးသည်။

ကျိုးချန် နှုတ်ခမ်းကို မဲ့ကာ မျက်စောင်းထိုးသည်။ အရင်က မျက်စောင်းဆိုသည်ကို ဘယ်လိုထိုးရမလဲ မသိသည့် ကျားကျားယားယား ယောကျာ်းကြီး။

သို့ပေမဲ့ အတူနေလာရသည့် 3 လဆိုသော အတိုင်းအတာလေး တစ်ခုတွင် ကျိုးချန် မျက်စောင်းထိုးတတ်လာခဲ့သည်။

သူတို့ရှေ့ဆိုလျှင် ရေခဲတုံးက အဖေခေါ်ရလောက်အောင် အေးစက်တည်ငြိမ်တဲ့ ကျောက်တိုင်ဟာ ဝမ်ရိပေါ်ရှေ့ရောက်လျှင်တော့ ရှားမီးခဲကို ဖင်ခုထိုင်ထားသလိုပင် လှုပ်ရွနေတာကို ဒီက အက်ဖုအေလေးက အမြင်ကတ်လာရာကနေ မျက်စောင်း ထိုးတတ်သွားရော။

ရိပေါ်ကလည်း ရှောင်ကျန့်ကို ပြောလျှင်မကြိုက်။ အာ့ကြောင့် ရိပေါ်နဲ့ ကျိုးချန် ဘယ်တော့မှ မတည့်။ ဓားရေးချင်း မပြိုင်ကြပေမဲ့ စကားချင်းတော့ ပြိုင်ကြသည်။ ရိပေါ်ကပဲ အမြဲနိုင်သည်။

တစ်ခါက မင်းတို့ 2 ယောက် အဝေးမှာ သွားပလူးကြ ငါမြင်ရတာ အနှောင့်အယှက်ဖြစ်တယ်လို့ ပြောတော့ ရိပေါ်က အမဲရောင် ပိတ်စလေး ပေးလာခဲ့တယ်။ သူတို့ 2 ယောက်နား ရောက်ရင် မျက်လုံးကို စည်းထားပါတဲ့။

ကျိုးချန်က အပေါင်းအသင်း ဝင်ဆံ့သည်။ လူတိုင်းကို လိုက်ရော ညီထွေစွာ ဆက်ဆံတတ်ပေမယ့် ရိပေါ်နဲ့တော့ မတည့်။

ကျိုးဟန်ဟာ ဟန်နိုင်ငံတွင် အဆင့် 3 ရှိသော သက်တော်စောင့်။ သို့ပေမဲ့ မရောက်ဖူးသည့် အပျော်မယ် ဂေဟာ မရှိ အကုန်ရောက်ဖူးသည်။ ကျိုးချန်တွင် သတင်းအစုံရှိသည်။ 10 ခုတွင် 9 ခုလောက်က အမှန်ဖြစ်နေတတ်သည်။

ငြိုးသူ့ ကလဲ့စား (  Unicode ) completeWhere stories live. Discover now