ဟန်တိုင်းပြည်ကြီးထဲတွင် ထူးခြားဖြစ်စဉ်များ ပေါ်ပေါက်လာခဲ့သည်။
အသက်ပေါင်းများစွာ ကယ်တင်လာခဲ့သော နာမည်ရသမားတော်ကြီး ဆေးသေချာမထည့်ပေးတတ်ခြင်း။
တော်ဝင်မျိုးနွယ်တွေကိုသာ စာသင်ပေးရသည့် ရှောင်အမတ် အဆူခံရခြင်း။
တော်ဝင် စားဖိုဆောင်က ဟင်းချက်လက်ရာညံ့ခြင်း။
နှစ်ချီစွာ အမှုထမ်းခဲ့သော အထိန်းတော်များ ခြေလက် သန့်စင်မပေးတတ်ခြင်း။
ဟန်တိုင်းပြည်ရဲ့ မြေပြင်ဟာ အဆပေါင်းများစွာ မာကျောနေခြင်း။
ထိုထူးခြား ဆန်းကြယ်သော ဖြစ်စဉ်တို့ဟာ ရှောင်ကျန့်မှ မြစ်ဖျားခံခဲ့ပြီး ဝမ်ရိပေါ်ထဲသို့ စီးဆင်းသွားသည်။
နှစ်နဲ့ချီကာ ဆေးကုစားလာသော အံတိုနေသည့် သမားတော်ကြီးအား ဆေးခန်းထဲတွင် ရှောင်ကျန့်ကို ရင်ခွင်ထဲထည့်ပြီး ဝမ်ရိပေါ် အေးစက်စွာ ပြောခဲ့သည်က
- သမားတော်ကြီးက ဆေးသေချာ မထည့်ပေးတတ်တာမို့ အပြင်ထွက်နေပေးပါ.....
ထိုးခဲ့ပါပြီ။ မျက်စောင်းတွေ တသီတတန်း။ သမားတော်က ဆေးမထည့်တတ်ဘူးတဲ့.... တစ်ဖက်နိုင်ငံက မင်းသားဟာ အဆန်းကြီးတွေ ပြောခဲ့သည်။
ထိုနေ့က ဝမ်ရိပေါ်ဟာ ရှောင်ကျန့်ရဲ့ သီးသန့် သမားတော် ဖြစ်ခဲ့ရသည်။ အထိန်းတော်ကြီးကတော့ နားနှစ်ဖက်လုံးကို လက်တို့ဖြင့် နာကျည်းစွာ ပိတ်လိုက်တော့သည်။
ဟန်နိုင်ငံရဲ့ အတော်ဆုံး ဓားဘုရင် ရေခဲတုံး ရှောင်ကျန့်ရဲ့ စကားသံတို့ကို မကြားနိုင်တော့။
- မင်းက ကမ္ဘာပေါ်မှာ ဆေးထည့်ပေးတာ အတော်ဆုံး....
- မင်းက ငါ့အပေါ်မှာ ဂရုတစိုက် အရှိဆုံး.....
- မင်းနှုတ်ခမ်းက ထွက်လာတဲ့ လေနွေးနွေးလေးတွေက အလတ်ဆတ်ဆုံး....
ဆက်မနားထောင်လိုတော့ ။ သမားတော်ကြီးကတော့ မီးဖိုပေါ်က ဆေးအိုးကို အငြိုးကြီးစွာ ယပ်ပြင်းပြင်း ခတ်နေသည်။
အထိန်းတော်ကြီး အပြင်ကနေ အော်မေးလိုက်ချင်သည်။
ကမ္ဘာပေါ်မှာ ရိပေါ်က ဆေးထည့်ပေးတာ အတော်ဆုံးလို့ ပြောရအောင် သူက တစ်ခြားသူ ဆေးထည့်ပေးတာကော ခံဖူးလို့လားလို့။ ဒဏ်ရာရလာရင် ဖုန်သိပ်ခဲ့တဲ့ ရေခဲတုံးက အခုမှ ဆေးထည့်ဖူးပြီး။
![](https://img.wattpad.com/cover/252213167-288-k628094.jpg)