ရှောင်ကျန့်ကတော့ တစ်လမ်းလုံး တည်ငြိမ်စွာ နေနိုင်ခဲ့ပေမယ့် ရိပေါ်ကတော့ မနေနိုင်။ အလယ်ထဲက စစ်သူကြီးကို ကျော်ကာ တစ်ချက် တစ်ချက် လှည့်ကြည့်ဖြစ်သည်။
- ငါနော်....
ရိပေါ်တို့ ခရီးအပြင်းနှင်ပြီးသည့် နောက်တွင်တော့ ဟန်တိုင်းပြည်ရဲ့ မြို့ပြထဲသို့ ဝင်ရောက်လာတော့သည်။ ပြည်သူတွေက ကြိုဆိုနေကြသည်။ သေချာသည်က ဝမ်ရိပေါ်ကိုတော့မဟုတ်ခဲ့။
ရိပေါ်လည်း သိသည်။ စစ်ပွဲမတည်ငြိမ်သေးသည့် ကာလဖြစ်သည်မို့ ပြည်သူတွေရဲ့ စိတ်ထဲက အမုန်းတို့ဟာ အနည်မထိုင်သေးမှန်း သိသည်။ မနေ့တနေ့ကမှ စစ်ပွဲမှာ ကိုယ့်ဓားအောက် အသက်ပျောက်ခဲ့သည့် စစ်သည်တို့ရဲ့ မိသားစုဝင်တွေလည်း ပါနိုင်လောက်သည်။ ဝမ်ရိပေါ် ထိုမိသားစုဝင်တို့ကို မျက်နှာချင်း မဆိုင်ရဲ။
ရိပေါ်ကို ဟင်းသီးဟင်းရွက်များနှင့် ပေါက်မည်ဟု ကြံစည်ထားကြသော ပြည်သူများမှာ ဝမ်ရိပေါ်ရဲ့ တည်ငြိမ်မှုအောက်တွင် ကျရှုံးသွားရသည်။ တစ်ချို့မိန်းမပျိုလေးတွေရဲ့ စကားသံတစ်ချို့ကို ရှောင်ကျန့် ကြားရသည်။
- ဖူးစားရှင်ကို ရှာတွေ့ပြီတဲ့
ရှောင်ကျန့် မသိမသာပြုံးလိုက်မိသေးသည်။ သူတို့တွေပြောနေသည့် ဖူးစာရှင်ဆိုသော ဝမ်ရိပေါ်ဟာ ရှောင်ကျန့်အတွက်တော့ မဖူးခင် ငုံနေကတည်းက ငုံစာရှင် ဖြစ်ပြီးသားပါ။ ရှောင်ကျန့် မိန်းမပျိုလေးများအတွက် မျက်ရည်နှစ်စက် ကျပေးလိုက်ပါတယ်။
- အဟက်!! အမိတို့ သိသင့်တာပေါ့ ... ချောတဲ့ကောင်လေးတိုင်းက ချောလွန်းတဲ့ ကောင်လေးတွေ အတွက်ပဲ😎
ရှောင်ကျန့်တို့ နန်းတွင်းဝင်ခဲ့သည်။ ရှောင်အမတ်ကတော့ ရှောင်ကျန့်ကို ပြုံးပြီးကြည့်နေသည်။
ဂုဏ်ယူရပါတယ် ပါးရဲ့သားလေးရယ်....
ရှောင်ကျန့် ဘုရင်နဲ့တွေ့ပြီးနောက်မှာတော့ သူပြန်သွားခဲ့သည်။ နိုင်ငံရေးဆိုတာ ရှောင်ကျန့် မဆိုင်သည့်အရာ။ ဘုရင့်နန်းဆောင်တွင်တော့ ဝမ်ရိပေါ်နှင့် ဟန်ဘုရင်သာ ကျန်ခဲ့သည်။