38

2K 176 6
                                    

ဝမ်တိုင်းပြည်တွင် ရဲမက်များ ခြေရှုပ်နေသည်။ သစ္စာဖောက်အမတ်တို့ရဲ့ မိသားစုများကို နေ့ချင်းဖမ်းလို့ ပစ္စည်းများကိုလည်း ဘဏ္ဍာအဖြစ်သိမ်းယူခဲ့သည်။

ဝမ်ရိပေါ် တိုင်းပြည်ဆူပူ အုံကြွမှုအခြေအနေကို ကောင်းစွာကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည်။ ချက်ချင်းဆိုသလို နေရာအနှံ့အပြားတွင် စာများလိုက်ကပ်ခိုင်းသည်။

လစ်လပ်သွားသော အမတ်နေရာများအတွက် မည်သူမဆို ဝင်ခွင့်ဖြေဆိုခွင့်ရှိကြောင်းကပ်ခဲ့သည်။ ထို့နောက် စစ်သူကြီးအား ညွှန်ကြားစရာရှိတာ ဆက်လက်ညွှန်ကြားနေသည်။

ရှောင်ကျန့်နဲ့ အားယွမ်ကတော့ စားဖိုဆောင်က လာရောက်ပို့ဆောင်ထားသည့် သစ်သီးတို့ကို ပျော်ရွှင်စွာ စားနေကြသည်။ ရှောင်ကျန့်နဲ့ အားယွမ် ရင်းနှီးမှု ရလာပြီဖြစ်သည်။ တစ်ခါတလေ ရှောင်ကျန့်ကို ခွံတတ်သလို ရိပေါ်ကိုလည်း လုံးလုံး လုံးလုံးနဲ့ ပြေးလို့ သွားသွားခွံ့တတ်သေးသည်။

ညနေစာ စားသောက်ပြီးနောက် ရှောင်ကျန့်က အားယွမ်ကိုခေါ်၍ ကြာကန်ဘက်သွားခဲ့သည်။ ကျန်ခဲ့သူ ရိပေါ်ကတော့ ဖမ်းဆီးထားသူများ ရှိရာသို့ သွားခဲ့သည်။

အချုပ်ခန်းထဲက အမတ်ဟောင်းတွေဟာ ရိပေါ်ကိုမြင်သည်နှင့် ငိုယို၍ အသက်ချမ်းသာပေးရန် သူတို့မှားခဲ့ကြောင်း တောင်းပန်ကြသည်။ သို့ပေမဲ့ရိပေါ်မသနားပါ။ သူတို့ခြေ သူတို့လက်ဖြင့် သူတို့သမိုင်းကို သူတို့စိတ်ကြိုက် ရေးခဲ့ကြသည်ပဲလေ။

ဝမ်ရိပေါ် လက်နောက်ပစ်လို့ သူတို့၏ စကားသံများကို ဂရုမစိုက်ပါဘဲ ရှေ့ဆက်သွားခဲ့သည်။ ပြည်သူတွေရဲ့ စကားသံကို နားထောင်ရမည်ဆိုသော အဆိုကို ရိပေါ် လျစ်လျူရှုသည်မဟုတ်ပါ။ အပြစ်သားလို့ သတ်မှတ်ထားသည့် လူများရဲ့ စကားများကို နားထောင်ရသည်မှာ အချိန်ကုန်သည်ဟု ယူဆလိုက်သောကြောင့် ဖြစ်သည်။

ရိပေါ် ထိပ်ဆုံးက အချုပ်ခန်း နှစ်ခန်းရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ ရိပေါ် သူတို့ကို လှောင်ပြုံးကြီးနဲ့ ကြည့်ပြီး စကားဆိုသည်။

ငြိုးသူ့ ကလဲ့စား (  Unicode ) completeWhere stories live. Discover now