16

2.3K 236 5
                                    

ဝမ်ရိပေါ် ကိုယ်ရံတော်ကို ဝမ်တိုင်းပြည်သို့ စေလွှတ်ခဲ့သည်။ ဟန်ဘုရင်က ငြိမ်းချမ်းရေးကို သဘောတူခဲ့သည်။ မဟာမိတ်ပင် ဖွဲ့ရန်ကမ်းလှမ်းခဲ့ပြီး လုခဲ့ကြသော နယ်မြေကိုလည်း တစ်ဝက်စီ ခွဲဝေယူရန် ဆုံးဖြတ်ပေးခဲ့သည်။

ထို့ကြောင့် ဝမ်ရိပေါ်ဟာ ဟန်ဘုရင်ပေးခဲ့သည့် စာလွှာကို ကိုယ်ရံတော်အား ဝမ်တိုင်းပြည်သို့ ပို့စေခဲ့သည်။

ဝမ်ရိပေါ် မအားခဲ့။ ဟန်တိုင်းပြည်ရဲ့ ယဉ်ကျေးမှုများကို လေ့လာနေခဲ့သည်။ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ဖတ်နေခဲ့ပေမယ့် သူဖတ်ခဲ့သည့် အကြောင်းအရာများကို သူမမှတ်မိ။ စိတ်က စာအုပ်တွေထဲ မနှစ်နိုင်ခဲ့။ ရောက်နေသည်က ရှောင်ကျန့်ဆီ။

လွန်ခဲ့တဲ့ 2 ရက်ကတည်းက မတွေ့ရတော့တဲ့ ရှောင်ကျန့်ဟာ သူ့ကိုတကယ် စိတ်ကောက်သွားခဲ့တာလား? ရိပေါ် စာအုပ်ကို ပိတ်လိုက်ပြန်သည်။

- ငါကြောင့် သူစိတ်များ အရမ်းထိခိုက်သွားတာလား?

စာအုပ်ကို ပြန်လှန်ပြန်သည်။

- ငါမမှားဘူး.... ဟုတ်တယ်..... မင်းသား တစ်ယောက်ရဲ့ ပေါင်ပေါ် ပိုင်စိုးပိုင်နင်းထိုင်တာ သေဒဏ်တောင်ချလို့ရသေး.....

စာအုပ်ပါ အကြောင်းအရာတစ်ချို့ကို ခဏကြာမှ ဖတ်ပြီးနောက် စာအုပ်ကို ပိတ်ချလိုက်ပြန်သည်။

- ပေါင်ပေါ်လေးပဲ ထိုင်မိတာကို ငါဘာလို့ အော်မိလိုက်တာလဲ? ရိပေါ် မင်းတော့နော်! သူအရမ်းများ ဝမ်းနည်းသွားပြီလား?

ရိပေါ်ရဲ့ လက်ဟာ စာအုပ်ကို ဖွင့်လိုက်ပိတ်လိုက်နှင့် အချိန်ကုန်ခဲ့ရသည်။

- သူ ဝမ်းနည်းပြီး အစာမစားရင်ရော

ထိုအတွေးဝင်လာသည့် အခါတွင်တော့ ဝမ်ရိပေါ် မတ်တပ်ရပ်လိုက်မိသည်။ စိုးရိမ်စိတ်က အတိုင်းထက်အလွန်။

- မဖြစ်ဘူး..... သူစစ်ပွဲမှာလည်း ပင်ပန်းထားတာ.... အခုလို အစာပါမစားရင် ..... မဖြစ်ဘူး.... မဖြစ်ဘူး

ရိပေါ် တံခါးကို ဖွင့်လိုက်ကာ သူ့စီခဏတာ ခစားနေသည့် အထိန်းတော်ကြီးအား

ငြိုးသူ့ ကလဲ့စား (  Unicode ) completeWhere stories live. Discover now