37

2.1K 184 4
                                    

ရှောင်ကျန့်ရဲ့လက်ထဲတွင် တံဆိပ်တုံးက ရောက်ရှိလာပြီဖြစ်သည်။ ရိပေါ်က ရုတ်ရုတ်သည်းသည်း အခြေအနေမဖြစ်ရန် စွမ်းအားတစ်ချို့ကို အသုံးပြုခဲ့သည်။

ရိပေါ်ရဲ့ စွမ်းအားတစ်ချို့ကြောင့် ရှောင်ကျန့်တို့ကို အစေခံနှင့်အစောင့်များ မမြင်ရပေ။ ရှောင်ကျန့်က ရိပေါ်ရဲ့လက်ထဲ တံဆိပ်တုံးပေးလိုက်တော့သည်။

ရှောင်ကျန့်က ကြောင်တောင်တောင်သမားဟု ရိပေါ်သတ်မှတ်ပစ်ချင်မိနေပြီ။ရန်သူလိုချင်နေတဲ့ တံဆိပ်တုံးကို ရန်သူရဲ့အိမ်မှာ သွားဖွက်ထားသည်တဲ့။

ရိပေါ်သူ့ကိုယ်ပေါ်တွင် အိပ်ပျော်နေသည့် အားယွမ်ကို မနိုးအောင် ဂရုတစိုက်ပွေ့လို့ ရှောင်ကျန့်လက်ထဲထည့်ပေးလိုက်သည်။ အခုမှ လူမှန်နေရာမှန်ဆိုသလိုပေါ့။ ရှောင်ကျန့်လက်ထဲက တံဆိပ်တုံးနဲ့ ဓားစိမ်းကို လက်လွှဲယူပြီးနောက် နန်းတော်ထဲ ဝင်ခဲ့သည်။

အားလုံးက ကလေးပွေ့လို့ဝင်လာတဲ့ ရှောင်ကျန့်ကြောင့် ကြောင်အစွာ ရပ်ကြည့်နေကြသည်။ ထို့ပြင်နောက်မှပါလာသည့် ပုဝါပါးအုပ်ထားသည့် လူကလည်း ဝမ်ရိပေါ်နဲ့ ရှောင်ကျန့်သာ ကိုင်ကြတဲ့ ဓားစိမ်းကိုလည်း ယုံကြည်မှုအပြည့်အဝရှိသော မာန်နှင့်ကိုင်ဆောင်ထားသေးသည်။

ရှောင်ကျန့်ဟာလည်း အရင်တွေ့နေကျထက် အေးစက်နေသလို ပွေ့ထားသည့်ကလေးကလည်း ထူးဆန်းသည်။ အထူးဆန်းဆုံးက နောက်ကပါလာသည့်လူ။ ဓားစိမ်းကို ကိုင်ဆောင်ခွင့်ရသူဟာ အဘယ်သူနည်း?

×××

ရီကျန်း အိပ်မက်ဆိုးများကြောင့် အိပ်၍လည်းမပျော်။ စိတ်ဖိစီးမှုတွေက တစ်နေ့တစ်ခြား များလာရသလို တစ်ခါတလေ မိန်လိရဲ့ စကားသံတွေကိုလည်း ပြန်ကြားယောင်မိနေသေးသည်။

ရီကျန်း အမတ်တွေတင်ပြသည့် စာလွှာတွေကိုသာ တစ်ခုပြီးတစ်ခုဖတ်နေရတာ တစ်ခုမှ အမိန့်ထုတ်ပြန်ခြင်းမရှိသေးပေ။

ငြီးစီးစီး မှိုင်တိုင်တိုင်နှင့် ပလ္လင်ပေါ်တွင်ထိုင်နေသည့် ရီကျန်းဟာ ကျက်သရေတင့်တယ်မှု ရှိမနေပါ။ အမတ်တွေကတော့ တစ်ယောက်တစ်ပေါက် လျှောက်တင်နေကြတာပဲ။ ရီကျန်းကတော့ ဘာမှနားမဝင်။

ငြိုးသူ့ ကလဲ့စား (  Unicode ) completeWhere stories live. Discover now