7

3.1K 292 6
                                    

ရှောင်ကျန့် တစ်လုတ်ပြီးတစ်လုတ် ခွံ့လာသည့် ကြက်သားတို့ကို စားပြီးနောက်မှာတော့ သူ့ဟာ စဉ်းစားခန်းဝင်ရပြန်သည်။

သူ့ကို ခြောက်လန့်နေသူဟာ ဘယ်သူများလဲ? ကိုယ့်အတိတ်ကို မေ့နေသူအဖို့ တခြားသူအကြောင်း စဉ်းစားရသည်မှာ မလွယ်ကူလှ။

ရှောင်ကျန့် အဆောင်ထဲတွင်လည်း မနေချင်။ ခြောက်လန့်မှုများက ကျောချမ်းစရာကောင်းသည်။

ရှောင်ကျန့်ရဲ့ အထိန်းတော်ကြီးဟာ ခါးရိုးအက်သွား၍ ဆေးကုသမှုခံယူနေသည်မို့ အသစ်ရောက်လာသည့် အထိန်းတော်ကို လေ့ကျင့်ရေးကွင်းသို့ လမ်းပြခိုင်းခဲ့သည်။

လက်ထဲတွင် ကျောက်စိမ်းဓားနှင့် ရှောင်ကျန့်ဟာ တစ်ချိန်က ဓားဘုရင် အရိပ်အယောင်မှာ မှေးမှိန်သွားခြင်း မရှိခဲ့ပေ။

ရှောင်ကျန့်သွားရာနောက် အရိပ်လိုတကောက်ကောက် လိုက်နေခဲ့သူက မိစ္ဆာလေး ဝမ်ရိပေါ်။ မျက်နှာပေါ်က အပြုံးကတော့ ပြောစရာမလိုအောင် ချိုနေခဲ့သည်။

ဝမ်ရိပေါ် မိစ္ဆာဖြစ်ရသည်ကို ကြိုက်သည်။ ချစ်ရသူရဲ့ အနားမှာ အမြဲကာကွယ်မှုတွေ ပေးနိုင်သည်။ လူဖြစ်နေချိန်မှာ တိုင်းရေးပြည်ရေးများကြောင့် ရှောင်ကျန့်ကို အချိန်များများ မပေးနိုင်။

ရှောင်ကျန့်ဟာ လွယ်လွယ်နှင့် လက်လျှော့တတ်သူ မဟုတ်သောကြောင့် မကြာခင်အချိန်တွင်းတွင် ရှောင်ကျန့်  ဓားသိုင်းပြန်ကျင့်နိုင်မည်ကို ဝမ်ရိပေါ် ယုံကြည်သည်။

ရှောင်ကျန့် လေ့ကျင့်ကွင်းသို့ ရောက်ခါနီး အကွေ့တွင် အန္တရာယ်က ဝင်လာခဲ့သည်။ ထိုအန္တရာယ်ဟာ ဝမ်ရိပေါ်နည်းတူ သန်မာသည်။ ရှောင်ကျန့်က မမြင်နိုင်ပေမဲ့ ဝမ်ရိပေါ်က မြင်ရသည်။

ထိုမိစ္ဆာဟာ မည်သူမည်ဝါဆိုတာ ဝမ်ရိပေါ်မသိပေမဲ့ ထိုလူရဲ့ အပြုံးဟာ ဝမ်ရိပေါ်အား မင်းဘာတတ်နိုင်သေးလဲဟု ပြောနေသည့် အပြုံးမျိုး။

ဝမ်ရိပေါ်ဟာ ထိုလူရဲ့အပြုံးကို မဲ့ပြုံးဖြင့်သာ တုံ့ပြန်ခဲ့သည်။ သူဟာ ရှောင်ကျန့်ကို အသက်စွန့်ပြီးတောင် ကာကွယ်ပေးခဲ့သေးတာ အခုလို ဘာမှစွန့်လွှတ်စရာမရှိတော့သည့် ဘဝတွင်တော့ ရှောင်ကျန့်အပေါ် သွေးတစ်စက်မစွန်းအောင် ကာကွယ်ပေးနိုင်သည်။

ငြိုးသူ့ ကလဲ့စား (  Unicode ) completeWhere stories live. Discover now