ဝမ်ရိပေါ် အဆင်ပြေနေသည်ထင်လား? လုံးဝ လုံးဝ အဆင်ပြေမနေဘူးနော်။ ကလေးကတစ်ဖက်နဲ့။ စိတ်ထဲ တစ်မျိုးကြီးမှ တစ်မျိုးကြီး။ ခံစားချက်က ယင်ကောင်တက်နေသလိုပါဘဲ။
အခု ရီကျန်းရဲ့ နေအိမ်ရှေ့ရောက်နေပြီဖြစ်သည်။ အစောင့်တွေတော့ များများစားစား မရှိပါ။ သို့ပေမဲ့ ဝမ်ရိပေါ် ရှက်တာကရှက်တာပဲ။
ဝမ်ရိပေါ်ဆိုတဲ့ ဓားသူရဲကောင်းကြီးက ကလေးကို တယုတယပွေ့နေရသည်တဲ့။ ရှောင်ကျန့်ကိုလည်း ကလေးမပွေ့ချင်ပါဘူးလို့ မပြောရဲ။ ဝမ်ရိပေါ် ပွေ့ထားသည်ကို ချလိုက်သည်နှင့် အာပြဲနဲ့ငိုတော့သည့် ကလေးကြောင့် ဝမ်ရိပေါ် မချရဲ။ ရှောင်ကျန့်နောက် ခဏလေးတောင် မလိုက်ပဲ တစ်ချိန်လုံး ဝမ်ရိပေါ်ရဲ့ ကိုယ်ပေါ်မှာချည်း။ အဲ့တော့ ရှောင်ကျန့်က သူ့ကို အားကြီးနဲ့ ဇနီးလေးလို့ ခေါ်သည်လေ။
ရိပေါ် စိတ်တိုပေမယ့် သူ့ကိုယ်သူ ပြန်ကြည့်ရင်လဲ အဲ့လိုပုံဖြစ်နေတာပဲလေ။ တရားခံလား? ရှောင်ကျန့်ပေါ့။ သူက အရောင်ဖျော့ဖျော့တွေ ဝတ်တိုင်း သူ့ကိုယ်လည်း ပန်းရောင်ကြီး ဆင်တယ်လေ။ ပြန်လည်းမပြောရဲဘူး။ မပြောရဲဘူးဆိုတာထက် သူစိတ်ချမ်းသာရင် ပြီးရောဆိုပြီး ခွင့်ပြုထားသည်ဟု ဆိုလျှင်ပိုမှန်မည်။
ကိုယ်က အဆင်မပြေပေမယ့် သူပျော်ရင် ကိုယ်အဆင်မပြေလည်း ဘာအရေးလဲ။
လှတယ်လို့ သူပြောတယ်။ ကိုယ်နဲ့မသက်ဆိုင်တဲ့ စကားဆိုပေမယ့် သူ့ရဲ့နှုတ်ထွက်စကားကြောင့် ကိုယ်ပြုံးရွှင်စွာ သက်ဆိုင်ကြောင်း ခေါင်းငြိမ့်ပြခဲ့သည်။
ဒါပဲလားဆိုတော့ မပြီးသေးပါဘူး။ ခေါင်းပေါ်မှာ လာဆောင်းပေးတယ်လေ။ ပုဝါပါးကာထားသည့် ခမောက်လေး။ ရိပေါ်စိတ်ထင်လို့လား မသိပေမဲ့ သူ့ကိုယ်သူ သိမ်မွေ့တဲ့ မိန်းမပျိုလေးလို့ ထင်မိနေပြီ။ မကြိုက်ဘူး။ လုံးဝကို မကြိုက်တာ။ တစ်ခြားနည်းနဲ့ ရုပ်ဖျက်လည်း ရတာကို။
သို့ပေမဲ့ ပုဝါပါးကို ဖောက်လို့ မြင်နေရတဲ့ ရှောင်ကျန့်ရဲ့ အပြုံးချိုက သူအားလုံးကို ခေါင်းညိမ့် လက်ခံနိုင်ဖို့ရာ လုံလောက်သည်။ သူပျော်ရင် ဝမ်ရိပေါ် ဘာမှဆို လုပ်မှာဘဲလေ။