မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်သည့် ဝမ်နိုင်ငံရဲ့ အရှင်ဘုရင် ဝမ်ချင်လိဟာ ရှေ့တန်းစစ်မြေပြင်မှ ဝမ်စစ်တပ်ကို ဟာကွက် မရှိအောင် ဦးစီးနေသည့် ဝမ်ရိပေါ်ထံမှ စာလွှာနှင့်အတူ အနံ့ထွက်စ ပြုနေပြီဖြစ်သည့် မင်းသား 8 ရဲ့ ခေါင်းကို လက်ခံရရှိခဲ့သည်။
မင်းသား 8 ရဲ့ လုပ်ရပ်ဟာ သမိုင်းတွင် အရှက်ရစရာ ဖြစ်ခဲ့သည်။ ဝမ်ချင်လိ မင်းသား 8 ရဲ့ ဦးခေါင်းအား မြို့နောက်ဘက်တံခါးတွင် ချိတ်ခိုင်းကာ တော်ဝင်မျိုးနွယ်မှ အပြီးတိုင် ပယ်ထုတ်ခဲ့ပြီး မင်းသား 8 ၏ မိခင်ဖြစ်သူ ကြင်ယာတော်လုံအား နေအိမ်သို့ ပြန်ပို့ခဲ့သည်။
ထို့နောက်တွင်တော့ ငြိမ်းချမ်းရေး ကမ်းလှမ်းသည့် စာကိုရေးခဲ့ပြီး ယခု အသက်ပေါင်းများစွာ စတေး၍ တိုက်ယူနေသော နယ်မြေအား ဟန်တိုင်းပြည်ကို ကြည်ဖြူစွာ ပေးခဲ့သည်။
စားနပ်ရိက္ခာ ပြတ်လပ်နေပြီ ဖြစ်တဲ့ စစ်တပ်နှစ်တပ်လုံးဟာ စစ်မြင်းများကို သတ်ကာ စားသောက်ခဲ့ရသည်။ အသွားအပြန် 5 ရက်လောက်ကြာသည့် ခရီးတွင် နန်းတော်မှ ရောက်လာမည့် ဘုရင့်စာလွှာကို စောင့်နေခဲ့ကြသည်။
5 ရက်ဆိုသည့် အတိုင်းအတာတွင် စစ်သည်ပေါင်း များစွာရဲ့ စားရေးအတွက် မြင်းကောင်ရေပေါင်း များစွာကို စတေးခဲ့ရသည်။
ဒါဟာ ရီကျန်းက အစတည်ခဲ့သည့် အမှားတစ်ရပ်ကြောင့် ဖြစ်သည်။
ရှောင်ကျန့်တို့ ဘုရင်ထံမှ စာလွှာကို ရရှိခဲ့သည်။ အရာရာတိုင်း အတွက် ဂုဏ်သိက္ခာ ရှိနေပါစေ.... ဆိုသည့် တစ်ကြောင်းတည်းသာ ပါခဲ့သည်။
ရှောင်ကျန့်တို့ ဆီသို့ လက်နက်ကော ၊ ရိက္ခာအပြင် စစ်သည်အင်အားလည်း ထပ်တိုးပေးခဲ့သည်။
ဂုဏ်သတ္တိရှိပါစေ ဆိုသည့်စကား တစ်ခွန်းနဲ့တင် ရှောင်ကျန့်တို့ တစ်ဖက်လူရဲ့ အဖြေကို စောင့်နေရသည်။
ဝမ်ရိပေါ်နဲ့အတူ ရီကျန်းစောင့်နေသည်။ ဝမ်ရိပေါ်ကတော့ ပျော်သွားခဲ့သော်လည်း ရီကျန်း မပျော်ခဲ့။ သူတို့ရှေ့ ရောက်လာသည်က သတင်းပို့စစ်သည်တစ်ဦးတည်းသာ။