ကျိုးချန် ဆောင်ကြာမြိုင်တွင် ရှိနေသည်။ သူ့ရဲ့အပေါင်းအပါ တစ်ယောက်ဖြစ်သည့် လီကျင့်ရုံနှင့်အတူ။ လီကျင့်ရုံတွင် အကျင့်တစ်ခုရှိသည်။ အရက်မူးလျှင် လျှို့ဝှက်ချက်များကို ထုတ်ပြောတတ်သည်။
- သူရဲကောင်းကျိုး....အေ့.... မင်းသိလား? ငါကလေ....အေ့....မိန်လဲ့လေးကို အရမ်းချစ်တာ...အေ့....သူကလေ.... သူကလေ....ငါ့ကိုမချစ်ဘူး...အေ့....အဲ့ မကောင်းတဲ့....မင်းသားရီကျန်းကို ချစ်တာ...အေ့....
- သူရဲကောင်းလီကလည်း မင်းသားရီကျန်းက အဲ့လောက်ကောင်းတာကို
- သူရဲကောင်းကျိုး မသိလို့ပါ....အေ့.... ဒီနားတိုးခဲ့.... တိုးတိုးလေး ပြောပြမယ်...အေ့....
ကျိုးချန် ကျင့်ရုံနား ကပ်သွားလေသည်။ မမူးနေပေမယ့် မူးဟန်ဆောင်နေရသည့် ကျိုးချန်ထိုင်နေသော ခုံအောက်တွင် သေရည်အိုင်ကြီး ဖြစ်နေရှာတော့သည်။
- အဲ့မင်းသား ရီကျန်းကလေ...အေ့....ငါ့အဖေနဲ့ ပေါင်းပြီး နန်းလုဖို့ ကြိုးစားနေတာကွ...
- ဟယ်😵
ကျိုးချန်က အံ့ဩလွန်းသည့်ပုံ လုပ်ပြသည်။
- ရှူး... ဒီသတင်းက အေ့.... ပေါက်ကြားလို့မဖြစ်ဘူး....မင်းသိလား? ငါ့အဖေနဲ့ သူနဲ့ ဒီရက်ပိုင်းမှာ စလှုပ်ရှားတော့မှာ အေ့.....
- လီသူရဲကောင်း .... ကျွန်တော်အရမ်းမူးနေပြီ မရတော့ဘူး....ပြန်ရတော့မယ်....နှုတ်ဆက်ပါတယ်.....
ကျိုးချန် ယိုင်တိယိုင်တိုင် လေးတိလေးကန်ဖြင့် ကျင့်ရုံကို နှုတ်ဆက်ကာ ထွက်သွားလေတော့သည်။
ကျိုးချန် ထွက်သွားသည်နှင့် ကျန်ခဲ့သည့် ကျင့်ရုံကတော့ သေရည်အိုးအကုန်ကို ကိုင်ထားသည့် ခွက်နှင့် တိုက်၍ လှဲကျစေခဲ့သည်။
- ရီကျန်း....မင်းကို သတ်ဖို့ဆိုတာ ငါ့လက်သုံးစရာတောင် မလိုဘူးဆိုတာကို မင်းသိသင့်တယ်......
××××
ကျိုးချန်ဆီက သတင်းရရခြင်း ရိပေါ်နှင့်အတူ ရှောင်ကျန့်ပါ ဘုရင်နှင့် သွားတွေ့တော့သည်။
အရင်ကတည်းက ရိပ်မိပြီးသား ဖြစ်သော မင်းကြီးကို ရှောင်ကျန့်တို့ အထွေအထူး ရှင်းပြစရာမလိုလိုက်။