ရိပေါ် တစ်နေ့လုံး မအားခဲ့ပါ။ လုပ်စရာရှိနေသည့် အရာများကို အပြီးသတ် လုပ်နေရသည်။ အမတ်ဝင်ခွင့် ဖြေထားသည့် ဖြေလွှာများကို ရိပေါ် စိတ်ကြိုက်အဖြေရှာ ပြီးနောက် အသီးသီး ဌာနအလိုက် ခန့်အပ်လိုက်သည်။
ပင်ပန်းနေပေမယ့် မနားခဲ့တဲ့ ရိပေါ်ဟာ တိုင်းပြည်အတွက် ကြိုးစားလွန်းသည်။ ရှောင်ကျန့်က ရိပေါ်ရှိနေသည့် စာကြည့်ဆောင်ရှေ့မှာ ရပ်၍ ရိပေါ်ရဲ့ အရိပ်ကို ရပ်ကြည့်နေသည်။
မီးအလင်းရောင်ကြောင့် အရိပ်ကအစ တည်ငြိမ်လွန်းတဲ့ ရိပေါ်က ရှောင်ကျန့် သိပ်ချစ်ရတဲ့ မိစ္ဆာနွယ်လေးတဲ့။ ရှောင်ကျန့်ပြုံးလိုက်သည်။
ရှောင်ကျန့် တံခါးဖွင့်ပြီးဝင်သွားတော့ ရိပေါ်က မော့ကြည့်လာသည်။
- ကျန့်ငယ်!
ရိပေါ်ရဲ့ အပြုံးဟာ ရွှေရောင် ဖယောင်းတိုင်ကို လောင်ကျွမ်းနေတဲ့ မီးတောက်လေးထက် ပိုတောက်ပသည်။ ရှောင်ကျန့်က သူ့လက်ထဲက မုန့်ပန်းကန် အချို့ကို စားပွဲပေါ်တင်လိုက်ပြီး ရိပေါ်နားတွင် ဝင်ထိုင်လိုက်သည်။
ရှောင်ကျန့်ကို ပြုံးရွှင်စွာ ကြည့်နေသည့် ရိပေါ်ကို ရှောင်ကျန့်က ဆံဆတို့ကို နူးညံ့စွာ သပ်တင်ပေးသည်။
- ပင်ပန်းနေပြီလားဟင်!
- အရမ်းပဲပေါ့... ဒါပေမဲ့ အခုတော့ ရွှင်လန်းသွားပြီ...
ရှောင်ကျန့်က သူ့ပုခုံးကို ပုတ်ပြသည်။
- အားနေတယ်... ငှားချင်ရင် ရတယ်ရိပေါ်...
ရိပေါ်က ရှောင်ကျန့်ရဲ့ ပုခုံးပေါ် ခေါင်းတင်လိုက်ကာ ရှောင်ကျန့်ရဲ့ လည်တိုင်ကျော့ကျော့ကို နှုတ်ခမ်းသားတို့ဖြင့် ထိကပ်နေသည်။
- ရိပေါ်...
- ဟင်!
- မင်းနောက်ထပ် မိန်းမတွေ ထပ်ယူမှာလားဟင်...
ရိပေါ်က ခေါင်းထောင်လိုက်သည်။
- ယူစရာလား?
- ဒါပေမဲ့ မင်းအတွက် နန်းဆက်လိုတယ်လေ...
ရှောင်ကျန့်ရဲ့ မှိုင်းကျသွားသည့် မျက်နှာလေးကို ရိပေါ်က လက်နှစ်ဖက်ဖြင့် ဆွဲယူလိုက်ပြီး ရှောင်ကျန့်ရဲ့ မျက်နှာအနှံ့ အနမ်းတို့က အဆက်မပြတ် ကျလာခဲ့တော့သည်။