ဝမ်တိုင်းပြည်ဟာ ဝမ်ရိပေါ်ရဲ့ သမာသမတ်ကျကျ အုပ်ချုပ်မှုအောက်တွင် ရှိလာခဲ့သည်မှာ 15 နှစ်ကျော် ရှိနေခဲ့ပြီဖြစ်သည်။
အရင်ကထက် အေးချမ်းသလို စည်ပင်ဝပြောပြီး စည်းကားလွန်းသည်။ ခိုးမှု၊ လှုမှု၊ လူသတ်မှုများ မရှိသည်ကြောင့် ဝမ်တိုင်းပြည်ရဲ့ အချုပ်ခန်းတွေဟာ အမြဲတမ်း လစ်လပ်နေတတ်သည်။
မိဖုရားအပြိုင်မရှိတဲ့ ဝမ်နန်းတွင်းရေးဟာလည်း မရှုပ်ထွေးပေ။ ရှောင်ကျန့်တစ်ယောက်တည်းသာ အနောက်ဆောင်ကို ကြီးစိုးထားသည်။
အသက် 38 40 နားကပ်နေကြပြီ ဖြစ်တဲ့ ရိပေါ်နဲ့ ရှောင်ကျန့်ဟာ ခုချိန်ထိ မနေ့တစ်နေ့က လူပျိုဖြစ်လာတဲ့ လူငယ်လေးတွေလို နုပျိုနေတုန်း။ အိမ်ရှေ့စံဖြစ်သည့် ဝမ်ယွမ့်နှင့်အပြိုင် နုပျိုကာ ကြည့်ကောင်းနေဆဲ။
တိုင်းပြည်ကြီးက ဘယ်လောက်ပင် တိုးတက်ပြောင်းလဲသွားပါစေ။ မပြောင်းလဲသည်က အားယွမ်ရဲ့ မေမေ ဆိုသော ခေါ်ဆိုခြင်းဟာ ယခုအချိန်ထိ တည်တံ့နေဆဲဖြစ်သည်။
ရိပေါ် ဥယျာဉ်ထဲ ထိုင်နေတုန်း အသံတဇာဇာနဲ့ ဝင်လာတဲ့ နှစ်ယောက်ကြောင့် ရိပေါ် ပြုံးလိုက်ရသေးသည်။ ဒါကတော့ ရိပေါ် ကြုံတွေ့နေကျ မရိုးနိုင်တဲ့ ပျော်ရွှင်မှုလေးပါ။ အမြဲ ရန်ဖြစ်နေတတ်တဲ့ ရှောင်ကျန့်နဲ့ အားယွမ်ကြောင့်ပေပေါ့။
တည်တည်ငြိမ်ငြိမ် နေတတ်သည့် ရှောင်ကျန့်ကို အမျိုးမျိုး မခံချင်အောင်စတဲ့ အားယွမ်ဟာ ရှောင်ကျန့် လိုက်ရိုက်ရင် အော်ဟစ်လာပြီး သူ့ကို အကာအကွယ်အဖြစ်လုပ်တတ်သည်။
အားယွမ်ကို မည်သူမည်ဝါဟု မေးခွန်းထုတ်ကြပေမယ့် ရိပေါ်က မင်းတို့တွေ ဦးညွှတ်ရမယ့် ဘုရင်လောင်း လို့သာ ဖြေပေးသည်။ အားယွမ်တွင် ရှောင်ကျန့် လက်ထက်သင်ကြားပေးမှုကြောင့် ရှောင်ကျန့် တတ်ကျွမ်းသည့် အရာအားလုံးကို သူတတ်ကျွမ်းသည်။
ရိပေါ်ရဲ့ အနီးကပ်စောင့်ကြည့်ပေးမှုများကြောင့် ရိပေါ်ဆီက ပညာအမွေတွေအားလုံး အားယွမ်က ဆက်ခံထားသည်။ ထိုဝက်ကလေးဟာ သူတို့ကို စိတ်မပျက်စေပဲ သူတို့ခြေရာကို အပြည့်နင်းနိုင်သည်။