ရှောင်ကျန့် ငူငူငိုင်ငိုင်နှင့် ထိုင်နေရင်း ခေါင်းထဲဝင်လာသည်က သရဲစာအုပ်များရှာရန်။ သူ့ကို နှောင့်ယှက်နေသူတွေဟာ ဘယ်လိုတွေလဲဆိုတာ ရှာရမည်။
ရှောင်ကျန့် မမောနိုင်မပန်းနိုင် ပြန်ရှာပြန်ပြီ။ ပျင်းစရာကောင်းသည့် ကဗျာတွေ ၊ အဆိုအမိန့်တွေ ၊ ဆုံမစာတွေ သာတွေ့ရသည်။
အချိန်လည်း နှောင်းနေပြီဖြစ်၍ အဆောင်သို့ ပြန်ရန် ထွက်လာခဲ့သည်။ အဝင်အထွက်ပေါက်နားက စင်ပေါ်တွင် ရှိနေသည့် အလိိပ်ကလေး။
- တော်ဝင် စာကြည့်တိုက်မှာ အခုလို စုတ်ပြတ်နေတဲ့ အရာလည်း ရှိသေးတာလား?
ရှောင်ကျန့် စိတ်မပါ လက်မပါနဲ့ ထိုအလိပ်ကလေးကို ဖြေကြည့်ခဲ့သည်။
တင့်တယ်ခန့်ညားနေသည့် ထိုပန်းချီထဲက လူရဲ့ မျက်နှာ ချောချောကို သေချာစွာကြည့်နေမိသည်။
- ဝမ်းနည်းလာပြန်ပြီ.....
ရှောင်ကျန့်လေပူကို မှုတ်ထုတ်လိုက်ကာ ပန်းချီကို အားလုံးခြုံငုံ၍ ကြည့်လိုက်သည်။ ရှောင်ကျန့် တစ်နေရာအရောက်တွင်တော့ မျက်လုံးများကို ပြူး၍ကြည့်ခဲ့သည်။ သူမယုံနိုင်။ စားပွဲပေါ်တွင် ထိုပန်းချီကို ချကာ သူ၏ဓားကို ပန်းချီပေါ်တင်၍ သေချာတိုက်ကြည့်နေသည်။
တစ်ထေရာထဲ တူနေသည့် ဓားစိမ်း။ ရှောင်ကျန့် မျက်ရည်များ ပြည့်နေသည့် မျက်လုံးအစုံကို ပွတ်လိုက်ပြီးနောက် ပြန်ကြည့်သည်။ အောက်ခြေက နာမည်ထိုးထားသော နေရာဟာ မီးလောင်နေခဲ့သည်။
- မင်းသား .... အနောက်က ဘာလဲ? ဒီဓား? ဒီဓားက ဘာလဲ? ဒီမျက်ရည်ကလည်း..... ငိုချင်တယ်..... အီးးးး ဟီးးးးး
ရှောင်ကျန့် ကြမ်းပြင်တွင် ဆောင့်ကြောင့်ထိုင်ကာ ဒူးပေါ် ခေါင်းတင်၍ ငိုခဲ့သည်။ အပြင်က ဝမ်ရိပေါ်ကတော့ အထဲမှ ရှောင်ကျန့်ရဲ့ ငိုသံကြောင့် အမြန်ပင် ဝင်လာခဲ့သည်။
ရှောင်ကျန့်ဟာ ငိုနေခဲ့သလို စားပွဲပေါ်ကို အကြည့်ရောက်လေတော့ သူ့ရဲ့ပုံတူ။ ထိုပုံတူဟာ ရှောင်ကျန့် ဆွဲပေးထားသောပုံ။ သူ့ရဲ့ အိပ်ဆောင်တွင် အမြဲချိတ်ထားသည့်ပုံ။