အားယွမ်ရဲ့ ပန်းကန်ထဲကို ဟင်းတွေတစ်မျိုးပြီး တစ်မျိုး သူတို့နှစ်ယောက်စလုံး တစ်လှည့်စီ ထည့်ပေးနေသည်။
အားယွမ်ကတော့ သူတို့ထည့်ပေးသမျှကို အားရပါးရစားနေသည်။ အားယွမ် ထမင်းစားနေရင်း မျက်လုံးမော်ကြည့်လိုက်တော့ ရိပေါ်ကော ရှောင်ကျန့်ရဲ့ ထမင်းတို့မှာ အရာပင် မယွင်းသေး။
- မေမေ... ကိုကို စားကြလေ...
အားယွမ်က သူတို့ပန်းကန်တွေထဲ ဟင်းတွေ ပြန်ထည့်ပေးသည်။ ရှောင်ကျန့်တို့ အကြည့်မမှားဘူးဆိုလျှင် ထိုကလေး မျက်ရည်ဝိုင်းနေသည်။
ရိပေါ်က အားယွမ်ကိုမေးသည်။
- ဝက်စုတ်လေး နေမကောင်းဘူးလား?
- ပြော... ကိုကို့ကို ဘယ်နားနေမကောင်းလို့လဲ?
ရှောင်ကျန့်က အားယွမ်နား ကပ်လာတော့ အားယွမ်ဟာ ရှောင်ကျန့်ရင်ခွင်ထဲ ဝင်လို့ငိုတော့သည်။
- မေမေတို့က ကျနော့်ကို ထားသွားကြတော့မှာလား?အဲ့နေ့ကို ရောက်လာပြီလား?
ရှောင်ကျန့်ကော ရိပေါ်ပါ ကြောင်အ သွားတော့သည်။ ဒီကလေး ဘယ်လိုသိသွားတာလဲ?
×××
လသာသော ညဖြစ်သည်မို့ သူတို့သုံးယောက် ဥယျာဉ်ထဲက မျက်ခင်းပေါ်တွင် ထိုင်နေကြသည်။ ရှောင်ကျန့်ကတော့ လရောင်အရမ်း ထိရန်အဆင်မပြေသည်မို့ စောင်ထူကြီးကို လွှားထားသည်။
ရိပေါ်နဲ့ ရှောင်ကျန့်ရဲ့ ကြားတွင် အာယွမ်က ရှိနေသည်။
- လရောင်က လှတယ်နော်...
အားယွမ်က စကားလမ်းကြောင်းစပေးသည်။
- ဝက်စုတ်လေး... မင်းဘယ်ချိန်တည်းက သိနေတာလဲ?
ရိပေါ်ကမေးတော့ အားယွမ်က လမင်းကြီးကို ဆွေးဆွေးလေး ကြည့်လို့ ရီသည်။
- ကျနော် သိတာကြာခဲ့ပြီ... မေမေတို့ တိုင်ပင်နေကြ ကတည်းက...
- ဒါဆို 3 နှစ်ကျော်တောင် ကြာပြီပေါ့... မင်း ကိုကိုတို့ကို မကြောက်ဘူးလား?
ရှောင်ကျန့်က စောင်ပုံကြီးကြားထဲက မေးသည်။အားယွမ်က ရှောင်ကျန့်ရဲ့ စောင်ပုံကြီးပေါ် မှီလိုက်သည်။