18

2.2K 235 5
                                    

ဟန်ဘုရင်နဲ့အတူ ရိပေါ် ဝမ်ဘက်ကရောက်လာမည့် သံတမန်အဖွဲ့ကို စောင့်နေခဲ့သည်။ နှစ်နိုင်ငံ ငြိမ်းချမ်းရေးအတွက် ရိပေါ် ပျော်ခဲ့ပေမယ့် မသိစိတ်ရဲ့ တစ်နေရာတွင်တော့ ပြောပြ၍မတတ်အောင် ဝမ်းနည်းနေမိသည်။ အကြောင်းအရာကို အဓိပ္ပာယ်ဖွင့်လျှင် အားငယ်တတ်လွန်းသည့် ရှောင်ကျန့်ကြောင့်ဟု ပွင့်ဆိုလာခဲ့သည်။

အတူရှိနေခဲ့သည့် 3 ရက်ဆိုသည့် အတိုင်းအတာဟာ နှစ်သုံးဆယ်နီးပါး ခင်မင်ခဲ့သူများနှင့်မခြား ရင်းနှီးခဲ့ကြပြီ။ ရင်းနှီးလာသည်နှင့်အမျှ ရှောင်ကျန့်ဟာ ရိပေါ်ရဲ့ စိတ်အစဉ်တွင် နေရာအပြည့် ယူနိုင်လာခဲ့ပြီဖြစ်သည်။

ရိပေါ် နန်းတော်ပေါက်တွင် သံတမန်တို့ကို စောင့်နေပေမယ့် စိတ်တို့ဟာ နန်းဆောင်ထဲတွင် တစ်ယောက်တည်း ကျန်ခဲ့သည့် ရှောင်ကျန့်ဆီတွင်။

သုံးရက်ဆိုသည့် အချိန်လေး အတွင်းမှာ ရိပေါ်သိခဲ့သည်က ရှောင်ကျန့်ဟာ အားငယ်တတ်သော ယုန်ငယ်လေးတစ်ကောင်။ ( အလိမ်ခံနေရတယ်လို့ 😎 )

ရင်ခွင်ထဲမှာ အိပ်မှ အိပ်ပျော်တတ်သည့် ရှောင်ကျန့်ကို ကြည့်ပြီး ရိပေါ် ဝမ်းနည်းရသည်။ အရင်က ဒီကောင်လေး ဖျားနေတဲ့ အချိန်တွေဆို ဘယ်လောက် အားငယ်နေလိုက်မလဲ ဆိုသည့် အတွေးချိုချိုလေး ဝင်လာတိုင်း ရှောင်ကျန့်ကို ပို၍ပင် ဂရုစိုက်ဖို့ အကြောင်းပြချက် နွေးနွေးလေးက ခိုင်လုံခဲ့သည်။

သူမရှိတော့ဘဲ တစ်ယောက်တည်း ကျန်ခဲ့မယ့် ရှောင်ကျန့်ကို တွေးမိလိုက်တိုင်း နှလုံးသားလေးကို မီးစတို့နဲ့ ဝိုင်းထိုးနေကြသလိုပင်။ အခုလည်း အခန်းထဲက ကုတင်ကျယ်ကြီး ထက်တွင် ရှောင်ကျန့် တစ်ယောက်တည်း။ ဘယ်လောက်တောင် အားငယ်နေရှာပြီလဲ? ( 😎 ) သံတမန်တွေကို ကြိုပြီးခဲ့လျှင်တော့ အားငယ်နေရှာမည့် ရှောင်ကျန့်ကို ရင်ခွင်ထဲထည့်ကာ အားပေးစကားပြောပေးမည်။ ( ကိုကိုပေါ် .... ကျမလေးလည်း အားငယ်နေတယ်လို့ 😊 )

ရှောင်ကျန့်နဲ့အတူ ဖြစ်သန်းခဲ့တဲ့ သုံးရက်တာ နေ့ရက်ရှည်တို့ဟာ ရိပေါ်ရဲ့ အပျော်ဆုံးဆိုသည့် နေ့ထဲတွင် မှတ်တမ်းဝင်ခဲ့သည်။

ငြိုးသူ့ ကလဲ့စား (  Unicode ) completeWhere stories live. Discover now