ရှောင်ကျန့် ဂန္နမာပန်းခြောက်ခတ်ထားတဲ့ အကြမ်းရေကို တစ်ခွက်ပြီး တစ်ခွက်သောက်ရင်း ပျောက်နေသည့် အတိတ်ကို ရှာနေမိသည်။
အထိန်းတော်ကြီး ပြောသွားပုံအရဆိုလျှင် သူတို့လေးဦးကြားက ပြဿနာဟာ ကြီးမားလွန်းပုံရသည်။ မိဖုရားမိန်ကိုလည်း သူမသိသလို ၊ မင်းသား 3 ဆိုသည့် လူကိုလည်း သူမမှတ်မိ။
အခုချိန်တွင် အသက်ရှင်ကျန်နေသူက နှစ်ယောက်သာ ကျန်တော့သည်။ ကျန်တဲ့ နှစ်ယောက်ထဲတွင် သူက ဘာမှအသုံးမဝင်တော့သည့် လူတစ်ယောက်လို။
ရှောင်ကျန့် သောက်လက်စ ခွက်ငယ်ကို စားပွဲပေါ်တွင် ညင်သာစွာချလိုက်ပြီး ဓားစင်ပေါ်က ဓားကို ကိုင်ကာ စူးစမ်းနေမိသည်။
ဓားအိမ်ထဲက ဓားကို ထုတ်ပြီး ကြည့်နေပြန်သည်။ အိပ်မက်ထဲကလို ဓားသိုင်းကို ဘယ်လိုအစဖော်ရမည်မသိ။ အခုချိန်သူဟာ လမ်းပျောက်နေသည့် လူလိုပင်။
ရှောင်ကျန့် ဓားကိုစူးစမ်းနေတုန်း ရီကျန်းဝင်လာခဲ့သည်။ ရှောင်ကျန့် ဓားကိုဓားအိမ်ထဲ ထည့်လိုက်ကာ အလျင်အမြန်ဂါရဝပြုလိုက်သည်။
ထိုအပြုအမူကြောင့် ရီကျန်း အံ့ဩမိသလို ရှောင်ကျန့်သည်လည်း မယုံနိုင်ဖွယ်ဖြစ်ရပ် တစ်ခုလိုပင်။
ရှောင်ကျန့် ဦးညွတ်နေရင်း သုံးသပ်လိုက်သည်။ သူဟာ ဦးနှောက်ထဲက အစဖော်မရအောင် မေ့နေပေမယ့် ကျင့်သားရနေတဲ့ ခန္ဓာကိုယ်ကတော့ မေ့လျော့ခြင်း မရှိခဲ့။
- ထပါ.... ကြင်ယာတော် နေလို့သက်သာရဲ့လား?
ရှောင်ကျန့်ထလိုက်သည်။ ထိုင်ခုံတွင် ထိုင်လိုက်ရင်း ရေနွေးကြမ်းငှဲ့နေသည့် ရီကျန်းကို သေချာစိုက်ကြည့်နေခဲ့သည်။ ဦးနှောက်ထဲတွင် ထုတ်ပြီးသား မေးခွန်းကို မေးခဲ့သည်။
- ကျွန်တော်က ဓားသိုင်းကျွမ်းခဲ့တယ် မဟုတ်လား?
ရှောင်ကျန့်ရဲ့ တည်တည်ငြိမ်ငြိမ် အမေးကို ရီကျန်းက အပြုံးလေးနဲ့ ပြန်ဖြေပေးသည်။
- ကြင်ယာတော်က အဖိုးတန်တဲ့ ရတနာတစ်ပါးလေ...... ဖခင်ရှောင် ပညာရှိဆီက စာပေပညာ အမွေရတယ်...... မိခင် အနုပညာရှင်ဆီက အတီးအမှုတ်အဆိုကို ကျွမ်းကျင်စွာ တတ်မြောက်ထားတယ်...... ဦးရီးတော် စစ်သူကြီးရဲ့ လက်ထက်သင်ကြားပေးထားတဲ့ ဓားသိုင်းကို တစ်ဖက်ကမ်းခတ်အောင် တတ်မြောက်တယ်......
![](https://img.wattpad.com/cover/252213167-288-k628094.jpg)