ရီကျန်း ဒေါသထွက်လွန်း၍ မျက်ခမ်းစပ်များပင် နီရဲနေကာ အသားတို့ဟာလည်း တဆတ်ဆတ်တုန်နေခဲ့သည်။
ရီကျန်းရဲ့ အချိန်ပေါင်းများစွာကို ရင်းနှီးမြှုပ်နှံထားသည့် စုဆောင်းရေး စခန်းက စစ်သည်များမှာ အသက်ရှင် ကျန်သူ တစ်ယောက်ပင် မရှိခဲ့။
ရီကျန်းထိုလူအား စုံစမ်းဖော်ထုတ်ရမည်။
ထိုလုပ်ကြံမှုကို ရီကျန်း သံသယဖြစ်မိသည့်သူဟာ ရှောင်ကျန့်တစ်ယောက်တည်းကိုသာ။ သူ့ကိုကြည့်သော အကြည့်များဟာ အဓိပ္ပာယ်ဖော်မရသလို ရိပေါ်ကိုလည်း ကာကွယ်ပေးနိုင်လွန်းသည်။
ရိပေါ်နဲ့ ရီကျန်း ညီလာခံပြီးသည့် အချိန်တွင် ကြာကန်စပ်တွင် စကားပြောကြသည်။ ရောက်တတ်ရာရာ ပြောဆိုနေရင်းမှ ရီကျန်းက တစ်ချက်တစ်ချက် ရှောင်ကျန့်အကြောင်း စကားနှိုက်သည်။
လိမ္မာပါးနပ်လွန်းသည့် ရိပေါ်အဖို့ ရီကျန်းရဲ့ လှည့်ကွက်များကို အခက်အခဲမရှိ ကျော်ဖြတ်နိုင်သည်။
ရိပေါ်ပြန်သွားပြီးသည့် နောက်တွင်တော့ ရီကျန်းဟာ ကန်ဘောင်ကို ခြေထောက်ဖြင့် ကန်သည်။ ရိပေါ်နဲ့ ရှောင်ကျန့်ဟာ တစ်ယောက်ကို တစ်ယောက် ကာကွယ်ပေးကြသည်မှာ ဟာကွက်ပင်မရှိ။ အသေးစိတ်လွန်းသည်။
××××
ဝမ်ရိပေါ် မဖြစ်စေချင်သည့် မင်္ဂလာပွဲဟာ အခုတော့ ဖြစ်တည်လာခဲ့ပြီ။ ရီကျန်းနှင့် မိန်လဲ့ရဲ့ လက်ထပ်ပွဲ။ ရိပေါ်က ရီကျန်းရဲ့ အကြံအစည်များကို သိနေသည်ကြောင့် မိန်လဲ့ကို ဖြောင်းဖျသည်။ ဝမ်ရိပေါ်ရဲ့ အကြံပြုချက်တွေဟာ ရှောင်ကျန့်ရဲ့ စကားတစ်ခွန်းနဲ့တင် ရပ်တန့်ခဲ့ရသည်။
- ချစ်တဲ့သူနဲ့ ဝေးကွာရတာ ရှင်ရက်နဲ့ သေနေရသလိုပဲ.... မင်းရဲ့ ညီမလေးရဲ့ နေ့သစ်တွေကို အပြုံးနဲ့ပဲ ဖြတ်သန်းခိုင်းစမ်းပါ.....
တစ်ခွန်းလေးပါဘဲ။ ဝမ်ရိပေါ်နာခံခဲ့သည်။ မိန်လဲ့ကို မဖြောင်းဖျတော့ သူ့အတွက် အမှန်တရားပေါ်လာတဲ့နေ့မှာ ခံနိုင်ရည်ရှိအောင်နေဖို့ပဲ အကြံပြုပေးတော့မည်။
မင်္ဂလာပွဲပြီးဆုံးသွားတော့ ရီကျန်းနဲ့ မိန်လဲ့ဟာ နန်းပြင်က အိမ်တွင်နေထိုင်ကြသည်။
