4

3.7K 335 14
                                    

ရှောင်ကျန့် အထိန်းတော်ကြီး ရေချိုးရန် ပြင်ဆင်ပေးနေတုန်း ဓားကိုသာ ကြည့်နေမိသည်။ ဘယ်ကနေဘယ်လို စသုံးရမလဲ သိုင်းကွက်တွေကို စဉ်းစားနေမိတယ်။ ရလဒ်ကတော့ ကျရှုံးခြင်းပါဘဲ။ ဒါပေမဲ့ ရှောင်ကျန့်ဟာ ခေါင်းမာသူမို့ သူကိုယ်တိုင် သူ့အတိတ်ကို မှတ်မိလာအောင် ကြိုးစားနေဦးမည်။

ရှောင်ကျန့် ရေချိုးလို့ရပြီ ဆိုသည့် အထိန်းတော်ကြီးရဲ့ စကားကြောင့် ရှောင်ကျန့် ရေချိုးဆောင်သို့ ဝင်သွားလေသည်။

အဝတ်တို့ကို ချွတ်ကာ တင်လိုက်ပြီး အငွေ့တလှိုင်လှိုင်ထနေသည့် ရေချိုးဇလုံထဲတွင် နှင်းဆီဖတ်လေးများနဲ့ ပနံသင့်လှသည်။

ရှောင်ကျန့် ရေချိုးဇလုံထဲသို့ ခြေချခါနီးလေးမှာပင် ရေဇလုံထဲမှ ရေတို့ဟာ သွေးများအဖြစ် ပြောင်းသွားကာ ပွက်ပွက်ဆူလာခဲ့သည်။ တစ်ဆက်တည်းဆိုသလို လေကြမ်းများ တိုက်လာသည်မို့ လိုက်ကာဖြူဖြူလေးများမှာလည်း လေယူရာ သိမ်းနေရသည်။

အစီအရီ ထွန်းထားသည့် ဖယောင်းတိုင်လေးများဟာလည်း ငြိမ်းသွားခဲ့ရလေတော့သည်။ ရှောင်ကျန့် မိမိမျက်လုံးရှေ့တွင် မြင်နေရသည့် ရုတ်တရက်ဆန်သည့် အဖြစ်အပျက်ကို မယုံနိုင်ခြင်း များစွာနဲ့ ကြည့်နေခဲ့သည်။

ရှောင်ကျန့် ကြည့်နေစဉ်လေးမှာပင် ဇလုံထဲက သွေးများဟာ ပွက်ပွက်ဆူကာ ကြမ်းပြင်ပေါ်တွင်ပင် ဖိတ်ကျနေလေပြီ။ ရှောင်ကျန့် အပေါ်ဝတ်ကို အမြန်ဝတ်ကာ အထိန်းတော်ကြီးကို ခေါ်လိုက်သည်။

အထိန်းတော်ကြီးနဲ့ အစေခံတစ်ချို့ ထိုမြင်ကွင်းကြောင့် မည်သည့်စကားမှ မဆိုနိုင်လောက်အောင် ကြောက်ဒူးတုန်နေတော့သည်။

ရှောင်ကျန့်က အသိပေးလိုက်မှ ထိုနေရာမှ မြန်မြန်ထွက်သွားကြသည်။ ရှောင်ကျန့်တို့ ရေချိုးဆောင် အပြင်ဘက်ရောက်သွားတော့မှ အခန်းထဲက အနက်ရောင်အငွေ့တန်း ပေါ်လာခဲ့သည်။

ထိုသူက ရှောင်ကျန့်တို့ အပေါ် အငြိုးကြီးနေသည့် ဝမ်ရိပေါ်။

ဟက် ခနဲ ရီလိုက်ကာ အငွေ့အဖြစ်ပြန်၍ ပျောက်ကွယ်သွားသည်။ သေချာသည်က ရှောင်ကျန့်ကို ရိပေါ် ဒီထက်ပိုပြီး ခြောက်လန့်ရဦးမည်။ သွေးပျက်စရာ မြင်ကွင်းကို ရှောင်ကျန့်က မကြောက်သေး။

ငြိုးသူ့ ကလဲ့စား (  Unicode ) completeWhere stories live. Discover now