6

3.5K 326 27
                                    

ရီကျန်း မသင်္ကာမှုတွေ စတင်လာခဲ့သည်။ အထိန်းတော်ကြီးက ရှောင်ကျန့်အခန်းတွင် သွေးလန့်စရာ အဖြစ်အပျက်များကို တုန်တုန်ရီရီဖြင့် ပြောပြသည်။

ရီကျန်း စဉ်းစားရသည်မှာ ခေါင်းရှုပ်စေသည်။ သူတစ်ခါမှ ပရလောကကို စိတ်မဝင်စားလို့ မလေ့လာခဲ့။ အထိန်းတော်ကြီး ပြောပုံအရဆိုလျှင် မမြင်နိုင်သည့် အရာတစ်ခုက နှောင့်ယှက်နေပေသည်။

ရီကျန်းကတော့ ပျော်တာပေါ့။ ရှောင်ကျန့်လည်း ခြောက်လန့်ခံရသည်လေ။ အရင်က အနားမှာ ဒုက္ခရောက်တိုင်း အမြဲပေါ်လာတတ်သည့် သူရဲကောင်းကြီးကလည်း ရီကျန်းရဲ့ ဓားအောက်တွင် မာလကီးယားကြွသွားရှာပြီ။

သေခါနီး ဆဲဆဲဖြစ်နေသည့် ရှောင်ကျန့်ကို ရီကျန်း မကယ်ချင်ပါဘဲ ကယ်လိုက်ရသည်။ ဘုရင့် တံဆိပ်တုံးက ရှောင်ကျန့်ဆီမှာသာ။

ရှင်လာခဲ့လျှင်လည်း လူကောင်းတစ်ယောက်လို မဖြစ်ရန် လုပ်ထားပေမယ့် မအောင်မြင်။ အခုချိန် ရှောင်ကျန့် အတိတ်မေ့နေတုန်းမှာ တံဆိပ်တုံးကို ရှာရမည်။ နောက်မှ ရှောင်ကျန့်ကို ရှင်းပစ်မည်။

ရှောင်ကျန့်နဲ့ ရင်းနှီးခဲ့ဖူးသည့် လူတိုင်းကို နှူတ်ပိတ်လိုက်သည်။ တစ်ချိန်က သူ့ကြင်ယာတော် မဟုတ်ခဲ့တဲ့ ရှောင်ကျန့်ဟာ အခုတော့ သူ့ကြင်ယာတော်။ ရိပေါ်ပိုင်ရမယ့် ထီးနန်းဟာလည်း အခုသူ့ထီးနန်း။ ဘုရင့် တံဆိပ်တုံး ပျောက်နေသည်မှ လွဲ၍။

သူဟာ အားလုံးရဲ့ အမြင်တွင် နတ်သား။ သူအကျင့်ပုတ်တာ သူသာအသိဆုံး။ ရီကျန်း ဒဏ်ရာကြောင့် အိပ်ယာထဲ လှဲနေရပေမယ့် တံဆိပ်တုံးအတွက် ဦးနှောက်က အလုပ်လုပ်နေရသည်။

ကြိုတင် ပြင်ဆင်သင့်တာကိုလည်း ပြင်ဆင်ထားရမည်။ ရီကျန်း တံဆိပ်တုံး မရခင် ရှောင်ကျန့် အသိပြန်လည်လာခဲ့လျှင် သူ့အသက်နဲ့ ခန္ဓာကိုယ် အိုးစားကွဲရမည်။

ရီကျန်းရဲ့ အဖြစ်ဟာ ကိုင်းနှစ်ကိုင်းကို ခွထားရတဲ့ မျောက်အိုကြီးလို ကားယားကြီး။

ရှောင်ကျန့်ကိုလည်း သတ်လိုက်ချင်သည်။ ဒါပေမဲ့ သတ်လို့ကမရ။ ရှောင်ကျန့်သာ တံဆိပ်တုံး ရှိသည့်နေရာကို သိသည်။

ငြိုးသူ့ ကလဲ့စား (  Unicode ) completeWhere stories live. Discover now