ဝမ်ရိပေါ်ကို ရှောင်ကျန့် ဂုဏ်ယူစွာနဲ့ ပြင်ဆင်ပေးနေသည်။ သူမြင်ဖူးချင်ခဲ့သည့် ဘုရင့်ဝတ်ရုံကို ရိပေါ်က ဝတ်ဆင်ထားခဲ့ပြီ။ ပြင်ဆင်ပြီးနောက်မှာ ရိပေါ်ဟာ ပြီးပြည့်စုံတဲ့ ဘုရင်တစ်ပါးရဲ့ ပုံရိပ်တို့က ပြတ်သားစွာ ပေါ်လွှင်နေသည်။
- ဘယ်လိုလဲ? ကြည့်လို့ကောင်းလား?
- အွန်း... အရမ်းကိုပဲ?
- ကိုယ်ဆွဲဆောင်လိုက်ပြီနော်...ကျန့်ငယ် ကျရှုံးစမ်း...
ရှောင်ကျန့်က နှလုံးသား တည်ရှိနေသည့်နေရာကို ဖိပြသည်။ ပြီးတော့ ခေါင်းတဆတ်ဆတ် ပြုံးရွှင်စွာ ငြိမ့်ပြသည်။
- အထဲက ရိ.. အယ် ... မင်းကြီး အားလုံးအဆင်သင့်ဖြစ်ပါပြီ...
အပြင်က ကျိုးချန်ရဲ့ အသံကြောင့် ရိပေါ်က ကုတင်ပေါ်တွင် ထိုင်ကာ သူတို့လုပ်သမျှ မျက်ဝိုင်းလေးနဲ့ ကြည့်နေသည့် အားယွမ်အား ပါးနှစ်ဖက်ကို နမ်းလိုက်သည်။ ပြီးနောက် သူ့ပါးကိုလည်း အားယွမ်ရှေ့ ထိုးပေးခဲ့သည်။ အားယွမ်ရဲ့ နှုတ်ခမ်းပိစိက ဝမ်ရိပေါ်ရဲ့ ပါးပေါ် ရောက်သွားတော့သည်။
- ဝက်စုတ်လေး မျက်လုံးမှိတ်ထားနော်
- ဟုတ်...
အားယွမ်က မျက်လုံးတို့ကို လက်သေးသေးလေးများဖြင့် အုပ်လိုက်တော့သည်။
ရိပေါ်က ရှောင်ကျန့်ကို မျက်နှာပြင် အနှံ့အနမ်းတို့ ဖြန့်ဖြူးလိုက်သည်။
- ကိုယ်သွားပြီ....
- ကြိုးစားထား.... ငါ့အကောင်းစား ခင်ပွန်းချောလေး....
- ထိုးစားထား မေမေ...
ရိပေါ်က ပြုံးပြပြီး ထွက်သွားခဲ့သည်။ တံခါးအပြင်ဘက် ရောက်သွားသည်နှင့် မျက်နှာဟာ တည်တင်းသွားတာတော့ သူမတတ်နိုင်ပါ။
×××
နန်းရင်ပြင်ကျယ်ကြီးပေါ်တွင် အမတ်ဝင်ခွင့် ဖြေဆိုကြရန်နေရာယူထားကြသော လူများအများအပြားပင်။
ရိပေါ်က ခေါင်းဆတ်ပြလိုက်တော့ စစ်သူကြီးက စတင်ဖြေဆိုရန် အချက်ပြလိုက်သည်။
![](https://img.wattpad.com/cover/252213167-288-k628094.jpg)