The First Snow ❄️❄️
🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄
ပါးက Yibo ကိုမျက်စိရှေ့ သဲသဲလှုပ် ဂရုစိုက်ပြနေတဲ့ သူတို့ သားအမိ မြင်ကွင်းကနေ မျက်နှာပူစွာနဲ့ ထထွက် လာခဲ့တယ်။ ဆေးရုံဝင်းထဲက ခုံတန်းမှာထိုင်ရင်း သတင်းစာကို ရှေ့ရောနောက်ရော ဖင်တပြန်ခေါင်းတပြန် ဖတ်ပြီးတာကြောင့် အလွတ်ရပြီဆိုတော့ ဖုန်းကိုထုတ်ပြီး အပျင်းပြေ ကြည့်နေလိုက်တယ်။
တက်လာတဲ့ သတင်းတွေကြည့်နေရင်းကနေ Olympic ကစားပွဲသတင်းတက်လာတာကြောင့် ဟိုကောင်လေးကို သတိရမိသွားတယ်။ သူလဲ ဒီ ပြိုင်ပွဲမှာ ဝင်ပြိုင်ရမှာလို့ ပြောသံကြားမိတယ်။ ဘာရယ်မဟုတ် သတင်းထဲ ဝင်ကြည့်မိတော့... နိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်တွေနဲ့ အားကစား သတင်းအမျိုးမျိုးကို တွေ့ရတယ်။ နောက်တော့ နယ်ပယ် အရပ်ရပ်က ထူးချွန်တဲ့ ပြိုင်ပွဲဝင် တွေအကြောင်းတင်ထားတဲ့ သတင်းတစ်ခုကို ဖတ်မိတယ်။
ပြီးတော့ ဟိုကောင်လေးကိုလဲ သတင်းထဲ တွေ့ရတာပဲ.. သူ့ကျွမ်းကျင်ရာ စကိတ်ဘုတ်စီး အားကစားမှာ ထူးချွန်တဲ့ အဆင့်ထိ အရည်အချင်းရှိတဲ့သူအဖြစ် သတ်မှတ်ထားခြင်းခံရတဲ့ Yibo ကို တော်တော် များများက နိုင်ငံကိုယ်စား Olympic ရဲ့ ဆုတံဆိပ် တွေကို ယူလာပေးနိုင်တယ်လို့ မျှော်လင့်ထားကြတယ် ဆိုတဲ့ မှတ်ချက်တွေကိုလဲ ဖတ်ရတယ်။
"ရုပ်လေးကလဲ ကြည့်ကောင်းသလို အရည်အချင်းကလဲ ပြောစရာမလိုအောင် တော်နေပြီးသားဆိုတော့ Olympic ရဲ့ဆုတံဆိပ်တွေက သူ့အတွက်ပဲ ထင်တယ်"
" တည်ကြည်တဲ့ရုပ်သွင်၊ ခိုင်မာတဲ့ ယုံကြည်ချက် ၊ စွဲမြဲတဲ့ အိမ်မက်တွေနဲ့ တက်ကြွတဲ့ခြေလှမ်းအသွင်ရှိတဲ့ Olympic ပြိုင်ပွဲဝင် Wang Yibo.."
" ရွှေရောင် အနာဂတ်နဲ့ Skateboarder Wang Yibo.."
" Skateboarding အားကစားရဲ့ သမိုင်းသစ် ရေးသူ.... "
စတဲ့...စတဲ့.... သတင်းပေါင်းစုံ... မှတ်ချက်မျိုးစုံနဲ့ Weibo ရဲ့ Hot searchမှာ နာမည်ကြီးနေတဲ့ ဒီကောင်လေးကို ဘာလို့ အစက သတိမထားမိရတာလဲ ဆိုပြီး ပါးစဉ်းစားမိတယ်။ သားကျန့်ပြောသလို ဒီကောင်လေးမှာ ကြီးမားတဲ့ အိမ်မက်တွေနဲ့ ရှေ့ဆက် ရမယ့် အနာဂတ်တွေ အများကြီး ရှိနေတယ်ဆိုတာကို သတိထားမိတယ်။ ဒါကြောင့် သားကျန့်က သူ့ကြောင့် ဒီကောင်လေး သူ့အိမ်မက်တွေကို အဆုံးရှုံးခံမှာ တွေးပူ နေတာပေါ့...

YOU ARE READING
The First Snow
Fiksi Penggemarပထမဆုံးကျတဲ့နှင်းမှာ ကိုယ့်လက်တွဲဖော် ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်တယ်တဲ့။