Yibo ကွင်းထဲရောက်ရောက်ချင်း အဖွဲ့ခေါင်းဆောင်က Yibo နား အသဲအသန် အပြေးရောက်ချလာတယ်။
"Wang Yibo..!!! မင်း ကွင်းထဲမလာတာ ဘယ်လောက် ကြာပြီလဲ.. ငါ ဘယ်လောက် စိတ်ပူနေရလဲ မင်းသိလား။"
Yibo သွေးအေးစွာနဲ့ပဲ ခေါင်းဆောင်စကားကို တုန့်ပြန်ရင်း...
Yibo-- အခု ပြန်ရောက်လာပြီပဲ...
"မင်းမရှိတဲ့အချိန် ဘာတွေ ဖြစ်နေလဲ သိလား..!"
Yibo--ဘာဖြစ်လို့လဲ...
"Feiyanက မင်းအဖွဲ့က ထွက်သွားပြီ ထင်လို့ သူလဲထွက်မယ်တဲ့.. ပြီးတော့ ငါတို့အဖွဲ့ကို Sponsor ထပ်မပေးဖို့ သူ့အဖေကို ပြောမယ်တဲ့.."
Yibo-- ချောင်ရှင်း Ge..! တခြား Sponsorရှာလဲ ရတာပဲ.. ဘာလို့ အဲလောက် စိတ်လှုပ်ရှားနေရတာလဲ..! အဲဒီ့ အတင့်ရဲတဲ့ ကောင်မလေး ထွက်သွားတာ ကျွန်တော့် အတွက်လဲ အဆင်ပြေတာပေါ့
" အခုမှ နာမည်ရကာစ အဖွဲ့ကို ဘယ်စီးပွားရှင်က ယုံယုံကြည်ကြည် Sponsorပေးချင်မှာလဲ... "
Yibo-- စိတ်မပူပါနဲ့... တချိန်ကျရင် ရှိလာမှာပေါ့...
အဖွဲ့ခေါင်းဆောင် ချောင်ရှင်းက Yibo ရဲ့ အေးဆေး တည်ငြိမ်တဲ့ပုံစံကို အသဲယားမိပါတယ်။ အဖွဲ့အတွက် ပျာယာခတ်နေတဲ့ အဖွဲ့ခေါင်းဆောင်ခမျာ ဘယ်လိုလုပ်ရင် ကောင်းမလဲ အသဲအသန်တွေးနေမိတယ်။
Yibo ကွင်းထဲ စကိတ် ပြန်စီးကျင့်နေတုန်း ချောင်ရှင်းဆီ ဖုန်းဝင်လာတယ်။ စိတ်ညစ်နေတဲ့အထဲ ဖုန်းကလဲ ဘယ်သူ့ဆီကမှန်းမသိ...
ချောင်ရှင်း-- Hello..
"Hello...!! Fox Channel ကပါ... ကျွန်တော်တို့ PDက Player 85ရဲ့ ကစားပုံကို တော်တော်လေး သဘောကျလို့ ခဗျားတို့ Black Leopardအဖွဲ့ကို နိုင်ငံ့ကိုယ်စားပြုအဖွဲ့ အဖြစ် လာမယ့် နိုင်ငံတကာ Olympicမှာ ယှဉ်ပြိုင်ဖို့ ကမ်းလှမ်းခိုင်း လိုက်လို့ပါ "
ချောင်ရှင်း-- ဗျာ... ကျွန်....ကျွန်တော်တို့... အဖွဲ့ကိုလား....????
ချောင်ရှင်း အံ့ဩ မင်သက်သွားမိတယ်။ အခု ဖုန်းဆက် နေတဲ့ Fox Channel ဆိုတာ ဒီနိုင်ငံရဲ့ Official Sport Channel လိုင်းတခုဖြစ်ပြီး မကြာသေးခင် ကလဲ ဒီအဖွဲ့ကိုလာပြီး interviewမေးတဲ့ Video အတိုလေးကို ထုတ်လွှင့်ပေးခဲ့ဖူးပါတယ်။
YOU ARE READING
The First Snow
Fanfictionပထမဆုံးကျတဲ့နှင်းမှာ ကိုယ့်လက်တွဲဖော် ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်တယ်တဲ့။