❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️တံခါးခေါက်သံကြောင့် Xiao Zhan ယိုင်နဲ့စွာ အိပ်ရာ ထဲက ထလိုက်တယ်။တံခါးကို ဖွင့်ကြည့်လိုက်တော့ Yun မန်နေဂျာ ပါ...
Xiao Zhan ရက်ပိုင်းလောက် အခန်းထဲကနေ အပြင် လုံးဝမထွက်ဖြစ်ဘဲ အခန်းအောင်းနေ မိပါတယ်။ အလုပ် အတွက် Schedule လဲ သိပ်မရှိသလို သတင်းထောက် တွေရဲ့ လက်ကလွတ်အောင် အိမ်ထဲမှာပဲ နေမိတယ်။ Xiao Zhanအတွက် နေ့နဲ့ည မထူးခြားဘဲ အချိန်ရှိ တိုင်း ရင်ထဲက နာကျင်ရတဲ့ ဒဏ်ရာတွေနဲ့ အိပ်ရာထဲကနေ မထနိုင်ပါ... ထမင်းလဲ ပုံမှန်စားဖို့ စိတ်ကူး မရှိသလို အနားမှာ ဂရုစိုက်ပေးနိုင်မယ့် သူလဲ အခုချိန် မရှိတော့ ပါဘူး။ ဒါကြောင့် နုံးချိအားနည်းနေတဲ့ Xiao Zhan ပုံကို ကြည့်ပြီး Yun မန်နေဂျာ အားမရဖြစ်မိစွာ မေးလိုက် တယ်။
Yun-- Xiao Zhan!! မင်းအဆင်ပြေ ရဲ့လား...?
Xiao-- အင်း.. ကျွန်တော် အဆင်ပြေပါတယ်။
အဆင်ပြေတယ်သာပြောတာ Xiao Zhan ရဲ့ မျက်နှာက အသက်မဲ့သလို တုန့်ပြန်မှုသိပ်မရှိပါဘူး။ အပြုံးအရယ်ကင်းမဲ့နေတဲ့ နှုတ်ခမ်းဖျားက အေးစက် ပြတ်သားတဲ့ စကားလုံးတွေပဲ သီးသန့် သူပြောတယ်။ အရာရာတိုင်းကို စိတ်ဝင်စားပုံမပြတော့ဘဲ ငြိမ်သက်တဲ့ အမူအရာနဲ့ တစ်ယောက်တည်း တိတ်ဆိတ်စွာ အထီးကျန် ဆန်ဆန်နေတဲ့ Xiao Zhan ကိုမြင်ပြီး Yun မန်နေဂျာ စိတ်ပူမိတယ်။ အရင်ကနဲ့ ခြားနားစွာ မှိုင်တွေငေးပြီး တက်ကြွလန်းဆန်းတဲ့ပုံရိပ်တွေ လုံးဝ ပျောက်ရှနေတဲ့ Xiao Zhanကို Yun မန်နေဂျာ အားမရဖြစ်မိတယ်။
Yun-- တခုခုလိုအပ်တာရှိရင် ငါ့ကိုပြောနော်.. အိမ်မှာ မင်းတစ်ယောက်တည်းလား...
ခြောက်သွေ့ငြိမ်သက်နေတဲ့ Xiao Zhanရဲ့ အိမ်ကို Yun မန်နေဂျာအကဲခတ်ရင်း မေးလိုက်တယ်။ နေ့ခင်းဘက် ရောက်နေတာတောင် အခန်းထဲ မှောင်မဲ နေအောင် လိုက်ကာတွေချထားပြီး အမြဲ သန့်ရှင်းသပ်ရပ် နေတဲ့ အိမ်က အခုဆို မရှင်းလင်းဘဲ ဖုန်တွေတောင် တက်နေပါပြီ... ဒါကြောင့် Yun မန်နေဂျာ မနေနိုင်ဘဲ မေးလိုက်ရတယ်။ မေးသာမေးရတယ် Xiao Zhan ပုံစံက စကားကို လိုတာထက်ပိုပြောချင်ပုံ မရပါဘူး။
YOU ARE READING
The First Snow
Fanfictionပထမဆုံးကျတဲ့နှင်းမှာ ကိုယ့်လက်တွဲဖော် ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်တယ်တဲ့။