Part-13

570 33 2
                                    

မနက်ခင်းနေနွေးနွေးမှာ Yibo နိုးထလာတယ်။ အရင်လို လစ်ဟာ‌နေတဲ့ ခံစားချက်မျိုးမဟုတ်ဘဲ နွေးထွေးတဲ့ ကိုယ်ငွေ့နဲ့ အသက်ရှုသံ ငွေ့ငွေ့ကို စပြီးသတိထားလာ မိတယ်။ သူ့ရဲ့ ရင်ခွင်ထဲမှာ တိုးပြီး ဖက်အိပ်နေတဲ့ Zhan Ge ကို Yibo မြတ်နိုးစွာငုံ့ကြည့်မိ လိုက်တယ်။ မတွေ့ဖြစ်တဲ့ ရက်တွေများလာလို့ များလားမသိဘူး အခုလို အနားမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့ Zhan Ge ရဲ့ မျက်နှာလေးကို ငေးလို့မဝနိုင် ပါ...Yibo  သူ့ကိုယ်လေး ဆီကနေ လျောကျနေတဲ့ စောင်ကို ပြန်ဆွဲတင်ပြီး နွေးနွေးထွေးထွေး ခြုံပေး လိုက်တယ်။

တစောင်းအိပ်နေတဲ့ Xiao Zhanရဲ့ ပါးဖောင်းဖောင်း လေးက ချစ်စဖွယ်အတိ... အရင်ကထက် ပိန်သွားပုံ ရပေမယ့် သူမြတ်နိုးတဲ့ ပါးလေးတွေကတော့ နီရဲ ဖောင်းအစ်နေတုန်းပါပဲ... ဒါကြောင့် မြတ်မြတ်နိုးနိုး ငုံ့နမ်း လိုက်တယ်...

ရုပ်ရည်က အပြစ်ပြောစရာမရှိအောင် ချောမောနေတဲ့ အပြင် နှုတ်ခမ်းပါးလေးအောက်မှာ ရှိနေတဲ့ နှင်းစက်လို သေးငယ်တဲ့ မှဲ့လေးက Zhan Geရဲ့ ဆွဲဆောင်မှု အရှိဆုံး အချက်တစ်ချက်ပါပဲ... ပြုံးရယ်လိုက်ရင် Yibo ရဲ့ စိတ်ဝိဉာန် လွင့်ထွက်သွားမတတ် ငေးငိုင်စေလောက်တဲ့ Xiao Zhanရဲ့ နှုတ်ခမ်းလေးနဲ့ လိုက်ဖက်နေတဲ့ မှဲ့လေး ကို Zhan Geနဲ့ စဆုံကတည်းက Yibo သတိထားမိ ခဲ့တာပါ.... စပြီး စွဲလန်းသွားရတဲ့ Ge ရဲ့ ဆွဲဆောင်ချက် တွေထဲက မဟူရာမှဲ့လေးကနေ အရင်းတည်ခဲ့တယ်။

Yibo အိပ်ပျော်နေတဲ့ Xiao Zhanရဲ့ နှုတ်ခမ်းဖျား နားက မှဲ့လေးကို လက်ဖျားနဲ့ပွတ်သပ်ရင်း ငေးကြည့် နေတယ်။ ဘယ်အချိန်ကြည့်ကြည့် ထူးခြားနေတဲ့ Geရဲ့ မှဲ့လေးနဲ့ နှုတ်ခမ်းပါးလေးတွေက Yibo ကို တခုခု ဆာလောင်‌နေတဲ့ ခံစားချက်ကိုဖြစ်စေတယ်.. မနေ့က အလွမ်းပြေ တဝကြီး နမ်းရှိုက်ခဲ့ပေမယ့်လဲ နမ်းလို့ မဝသေးသလို ဖြစ်နေသေးတယ်။ ဒါပေမယ့် တကယ် နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ Geကို Yibo အနှောက်အယှက် မပေးချင်ပါ...

Geနိုးလာရင် တခုခုစားဖို့ ထပြီး ပြင်ဆင်ဖို့ Yibo ကြံလိုက်ပေမယ့်... Zhan Geက Yibo အင်္ကျီကို ကျစ်နေအောင် ဆုပ်ကိုင်ထားပြီး Yibo ခါးကိုလဲ တင်းနေအောင်ဖက်ထားကာ လက်ကိုအဖယ်မခံပါဘူး...

The First Snow Where stories live. Discover now