Part-6

872 47 1
                                    

Unicode font

The first Snow part-6

Yibo--ဒီနေ့ ကျွန်တော် ပြန်ရောက်မှာ... Zhan Ge ဘယ်တော့ အချိန်ရလဲ...!

Xiao--ရှုတင်က နောက်ကျမယ် ထင်တယ်။

Yibo-- ဒါဆိုလဲ ရှုတင်ပြီးရင် အိမ်ပြန် နားမှာ မှတ်လား...

Xiao--အင်း... ကိုယ် မင်းကို လာတွေ့ချင်သေးတယ်။ အချိန်က တော်တော်လေးနောက်ကျမှဆိုတော့ ဖြစ်မယ် မထင်ဘူး...

Yibo--အိမ်ကိုပဲ စောစော ပြန်နားလိုက်ပါ... ပင်ပန်းနေမှာပေါ့....

Xiao--မင်းကို တွေ့ချင်လို့ ရူးတော့မယ် သိရဲ့လား.... ကလေးဆိုးရဲ့...!

Yibo-- နောက်တော့ တွေ့ရမှာပေါ့... ဖုန်းချ လိုက်တော့မယ်...!အဖွဲ့ခေါင်းဆောင်ခေါ်နေလို့...

Xiao--အင်း... အန္တရာယ်ကင်းကင်း ပြန်လာနော်... ရှုတင်ပြီးရင် ဖုန်းဆက်မယ်။

Yibo-- အင်း...

Xiao Zhanဖုန်းချပြီးတော့ စိတ်ညစ်နေမိတယ်။ Yibo ပြန်လာမယ်ဆိုတာ သိပေမယ့် အလုပ်ချိန် မအားလပ်တာနဲ့ တွေ့ဖို့ အချိန်‌မပေးနိုင်.... တကယ်ကို သူ့မျက်နှာလေးကို မြင်ချင်နေတာ.... အခုလို အသံလေးကြားရရင် ပိုလွမ်းရ တယ်။ ပြောရင် အကဲပိုတယ် ထင်ဦးမယ်.... ကောင်လေးနဲ့ ကျွန်တော် တစ်ယောက်ခံစားချက် တစ်ယောက် နားလည် ခဲ့တဲ့ နေ့ကစပြီး သူ့မျက်နှာကို ငေးကြည့်ပြီး စကားတွေ အများကြီးပြောချင်ခဲ့တာ... အချိန်ဇယားတွေ အမြဲ ပြည့်နှက်နေတဲ့ ကျွန်တော့်အတွက် ကောင်လေးကို အချိန်ပြည့် မပေးနိုင်ပါ... ပြီးခဲ့တဲ့ရက်တွေတုန်းကလဲ ‌အကြာကြီး ဝေးကွာနေခဲ့ရတာ... အနေဝေးနေခြင်းကနေ သိလာရတာ သူ့အပေါ်မှာ ကျွန်တော် ဘယ်လောက်တောင် သံယောဇဉ်‌တွယ်နေမိလဲ ဆိုတာပါပဲ... အေးစက်စက် သူ့အမူအယာကို တွေးကြည့်မိတိုင်း ပြုံးနေမိပြီး သတိရ နေခဲ့တာကို ပုံမှန်လို့ ထင်ခဲ့ပေမယ့် ရင်ခုန်သံတွေ မူမမှန်မှန်း သိခဲ့ရတယ်။ အရမ်းလွမ်းတယ်ဆိုတာကို နောက်သလို ပြောပြောနေပေမယ့် စစ်မှန်တဲ့ ခံစားချက်တွေ ဖြစ်နေတယ်ဆိုတာ ကောင်လေးမသိခဲ့ဘူးလား....

သူ့ဘက်က အချစ်လို့သတ်မှတ်မှုလေးက Xiao Zhan ရင်ကို နွေးထွေးစေတယ်။ မင်းယုံကြည်တဲ့အချစ်က ဘယ်လိုမျိုးလဲ ကောင်လေး.... ကိုယ်ယုံကြည်တဲ့ အချစ်ဆိုတာက ကိုယ်တိုင်မသိလိုက်ဘဲ မင်းအကြောင်း တွေးမိတိုင်း ပြုံးနေမိတာမျိုး....

The First Snow Where stories live. Discover now