Yibo ကျောင်းကို မသွားခင် Zhan Geကို တချက် ငုံ့နမ်းပြီး နှုတ်ဆက်လိုက်တယ်။
Xiao-- Bao Bao...! ကိုယ် ညစာပြင်ထားမယ်။ စောစော ပြန်လာနော်...
Yibo က အပြုံးနုနုလေးနဲ့ ခေါင်းညိတ်ပြရင်း လွယ်အိတ်ကို ကောက်ယူကာ Xiao Zhan ကို လက်ပြ နှုတ်ဆက်လိုက်တယ်။
Xiao Zhanကတော့ အရင်နေ့တွေလို နားရက်မှာ အိမ်ကို သန့်ရှင်းလေးဘာလေးလုပ်.. Youtubeကနေ ဟင်းချက်နည်းလေးသင်... ကျင်းကော်ကို သန့်ရှင်း ပွတ်သပ်ပေးလိုက် အစာကျွေးလိုက်... အချိန်ရရင် ပန်းချီလေး ပြေးဆွဲလိုက်နဲ့ နည်းနည်းမှကို မအားလပ် နိုင်ပါဘူး။Yiboအတွက် Trainingဆင်းဖို့ လိုအပ်မယ် ထင်တာလေးတွေကို စာရင်းပြုစုပြီး ဂရုတစိုက် ထုပ်ပိုး ပေးဖို့ပြင်ရတာလဲ Xiao Zhan ရဲ့ တာဝန် တစ်ခုလိုပဲ မမောနိုင် စီစဉ်ပေးနေရှာတယ်။ ခွင့်ရက်ကိုအပြည့်အဝ အနားယူရင်း စိတ်ကြိုက် အချိန်ဖြုန်းပစ်နေတဲ့ Xiao Zhanဆီကို ယွင်ကော(မန်နေဂျာ) ဖုန်းဝင်လာတယ်။
Yun Ge-- Hello... Xiao Zhan..!!!
Xiao-- Ah... Yun Ge..!! ကျွန်တော်နားရက်ယူထား တယ်လေ ။ အလုပ်အကြောင်းတွေဆို မပြောပါနဲ့လား။
Yun-- Xun Yi ရဲ့ မန်နေဂျာမက မင်းကို တွေ့ချင်လို့ ဆက်သွယ်လာတယ်။
Xiao-- ဘာကိစ္စရှိလို့လဲ...?
Yun-- ဒါတော့ ငါလဲမသိဘူး။ မင်းကို တွေ့ပေးဖို့ စီစဉ်ပေးပါ ပြောနေလို့..
Xiao-- အာ့ဆိုလဲ ခဏနေ တွေ့ဖို့ ချိန်းလိုက်ပါ။ နေရာကို Yun Geကပဲ စီစဉ်လိုက်...
Yun-- ဘာပြဿနာရှိလို့လဲ Xiao Zhan..!
Xiao-- ကျွန်တော်လဲ သေချာမသိဘူး။
Xiao Zhan နဲ့ တွေ့ဖို့ တကူးတက ချိန်းဆိုတာကတော့ ရိုးရိုးသာမန် မဖြစ်နိုင်လောက်ဘူးထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Senior Xun ရဲ့ မန်နေဂျာက နဂိုကတည်းက ကိုယ့်ကိုကြည့်မရမှန်း သိနေတာကိုး...
🌨️🌨️🌨️🌨️🌨️🌨️🌨️🌨️🌨️🌨️🌨️🌨️🌨️
နှစ်ယောက်သား တွေ့ကြပြန်တော့လဲ Xiao Zhanကို မကျေနပ်တဲ့ အကြည့်စူးစူးတွေနဲ့ပဲ အရင် တိုက်စစ် ဆင်တယ်။
Xiao-- ကျွန်တော်နဲ့ တွေ့ချင်တယ်ဆိုတာ ဘာကိစ္စရှိလို့ပါလဲ...
YOU ARE READING
The First Snow
Fanfictionပထမဆုံးကျတဲ့နှင်းမှာ ကိုယ့်လက်တွဲဖော် ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်တယ်တဲ့။