First Snow part-2
စကိတ်စီးရင်း တွေးနေမိတာ တခုရှိတယ်။ မနေ့က နှင်းတွေက လှလိုက်တာ....
ဂရုစိုက်တတ်တဲ့ အမူအကျင့်ရှိတဲ့ သူ့ရဲ့ ပုံရိပ်ကို ရုတ်တရတ် အမှတ်ရစေတယ်။ အခုချိန်ထိ စိုးရိမ်ပေးတတ် တဲ့ သူစိမ်းတယောက်ကို သူမမြင်ဖူးဘူး။ ကြင်နာတတ်တဲ့ပုံပါပဲ.... အကြည့်တွေရော အမူအယာတွေကပါ နူးညံ့တယ်။သူ့မျက်နှာရိပ်က နှင်းစက်လို အေးချမ်းစေတယ်။ မနေ့က နှင်းစက်ကြားက သူ့မျက်နှာက ရှင်းသန့်ကြည်လင်လွန်းတယ်။
ဘိုင်း.....!
လဲပြန်ပြီ...ဒူးထောက်လျှက် လဲကျမိပြီး ရုတ်တရတ် ပြန်မထနိုင်... စကိတ်စီးနေပေမယ့် စိတ်က တွေးချင်ရာတွေးနေမှတော့ ဘယ်လိုလုပ် အာရုံရတော့မလဲ..... မနေ့က နှင်းတွေကြောင့် ရေခဲနေတဲ့ ကြမ်းပြင်နဲ့ ချော်နေတာကြောင့်လဲ ပါမှာပါ...
Xiao--ဟိတ်....!! မင်း ရှိနေမယ်ဆိုတာ သိသားပဲ!!!
လှည့်ကြည့်လိုက်မိတယ်။ မနေ့ကလို လမ်းပျောက် လာတာတော့ မဟုတ်တန်ကောင်းလောက်ပါဘူး။
Yibo-- ဘယ်လိုလုပ်....
Xiao-- Shootingနားတုန်း မင်းဆီလာတာ! ဟင်!! ချော်လဲပြန်ပြီလား!!!
Yibo-- အသေးအဖွဲပါ....
Xiao-- ခဏနားဦးလေ။လာ!!!လှမ်းခေါ်နေတဲ့ ပုံစံက ပိုင်စိုးပိုင်နင်းနဲ့ဆိုပေမယ့် မနာခံဘဲ မနေနိုင်.....
Xiao--ရော့....!
ထိုးပေးတဲ့အရာကို ငုံ့ကြည့်တော့ sandwich ထည့်ထားတဲ့ ဘူးလေးပါ။ ကြောင်တောင်တောင်နဲ့ ပြန်ကြည့်လိုက်တယ်။
Xiao-- ရူတင်ကကျွေးတာလေ။ ငါ ဗိုက်သိပ်မဆာလို့!
Yibo-- မစား...
Xiao--အဲ့....ကျေးဇူးတင်ပါတယ်လို့ ပြောပြီး စားပြလေ။ ကျွေးတဲ့သူ ကုသိုလ်ရအောင်လို့!!!
Yibo--.........????
Xiao-- ဒါ အထူးစပါယ်ရှယ် Sandwichနော်!! အရသာ အရမ်းကောင်းတယ်။
Xiao Zhan အာမခံပြီး ကောင်လေးကို အတင်း ကျွေးနေတာက သူကိုယ်တိုင် မနက်က အချိန်ယူပြီး လုပ်လာတဲ့ Sandwichမို့လို့ပါ။ ကောင်လေးရဲ့ ပိန်ပါးပြီး ချောင်ချနေတဲ့ မျက်နှာက ကောင်းကောင်းမစားလို့ များလားလို့ Xiao Zhan တွေးမိတယ်။မနက်စာစားရင်း ဘာရယ်မဟုတ် ကောင်လေးအတွက် ပိုထည့်လာမိတယ်။ shootingခဏနားတော့ အပြေးလေး သူ့ဆီရောက်လာ ရတဲ့အကြောင်းက ကိုယ်တိုင်လုပ်ထားတဲ့ Sandwich လေးကို ကျွေးချင်လို့ပါ။

YOU ARE READING
The First Snow
Fanfictionပထမဆုံးကျတဲ့နှင်းမှာ ကိုယ့်လက်တွဲဖော် ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်တယ်တဲ့။