❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️
ရှုတင်ပြီးတော့ Yun မန်နေဂျာက Xiao Zhan နား တိုးတိုးကပ်ပြီး ပြောတယ်။Yun-- Xun Yi က မင်းနဲ့တွေ့ချင်တယ်တဲ့...
Yun မန်နေဂျာက Xiao Zhan ကို ရှုတင်ရဲ့ လူရှင်း တဲ့နေရာဆီခေါ်သွားတယ်။ နောက်တော့ လူရှင်းတဲ့ တစ်နေရာမှာ Xiao Zhanကို တွေ့ဖို့စောင့်နေတဲ့ Xun Yi ကိုတွေ့ရတယ်။
Xun-- Xiao Zhan.. သက်သာလာပြီလား...
Xiao-- သက်သာနေပါပြီ Senior.. ကျွန်တော် နေမကောင်းတုန်းက လာပြီး ကူညီခဲ့တဲ့အတွက် ကျေးဇူး တင်ပါတယ်။
Xun-- ကျဲကသာ မင်းကို အားနာရတာ... အခုလဲ ကျဲကြောင့် မင်းကို အနှောက်အယှက် ဖြစ်မိပြီ...
Xiao-- Senior မရည်ရွယ်ဘဲ ဖြစ်ခဲ့တာအတွက် ကျွန်တော့်ကို အားနာဖို့မလိုပါဘူး။
Xun-- ဘာပဲဖြစ်ဖြစ် မင်းဆီကို ဦးတည်တဲ့ မကောင်းတဲ့ ကိစ္စတွေက ကျဲကြောင့်ဖြစ်တာဆိုတာ အမှန်တရား တစ်ခုပါပဲ... မင်း အမြဲတမ်းကျဲကို ကူညီပေးခဲ့တယ်။ ဒါပေမယ့် မင်းကိုပဲ ထိခိုက်အောင် ပြန်လုပ်မိသလို ဖြစ်နေပြီ... အခု ကျဲက မင်းအတွက် မျှတတဲ့ ဖြေရှင်းချက်ကို ထုတ်ပြန်ပေးပါ့မယ်။ ကျဲနဲ့ မင်းနဲ့ကြားက အထင်လွှဲမှားစေနိုင်တဲ့ သတင်းတွေကို အမှန်တိုင်း ဖြစ်ဖို့ ကျဲ တာဝန်ယူပါတယ်။
အခုလို Xiao Zhan အတွက် ဖြေရှင်းပေးဖို့ကိစ္စကို သူ့မန်နေဂျာဘက်က လိုလားရဲ့လားဆိုတာတောင် မသေချာနိုင်ပါ...Xun Yi က ဖြစ်ပျက်ခဲ့သမျှကို Xiao Zhan ကို ရှင်းပြတယ်။
Xun-- ကျဲတို့သတင်းကြောင့် သူ ကျဲကို တွေခွင့်တောင်း ဖို့ ဆက်သွယ်လာခဲ့တယ်။ကျဲ သူ့ကို သွားတွေ့ခဲ့တယ် ဆိုတာဖြစ်ခဲ့သမျှကို အမှန်တိုင်း ပြောပြချင်ရုံပါ... အရင်က သူမှားခဲ့တာတွေ... နားလည်မပေးနိုင်ခဲ့တာတွေ အတွက် ကျဲကို ခွင့်လွှတ်ပေးဖို့ သူ ဒူးထောက် တောင်းပန် တယ်။ ကျဲ သူ့ကို စိတ်နာပေမယ့် နှလုံးသားက သူ့ကို သနားကြင်နာနေမိတုန်းပဲ.. ဒါပေမယ့် ကျဲ ကိုယ့်စိတ်ကို နိုင်အောင်ထိန်းပြီး သူနဲ့မတွေ့ဖြစ်အောင် ရှောင်နေခဲ့ ပေမယ့် သတင်းထောက်တွေက မမျှော်လင့်ဘဲ ကျဲတို့ တွေ့ခဲ့တာကို သတိထားမိသွားတယ်။ ကျဲ မလိုအပ်တဲ့ သတင်းတွေ မထွက်အောင် အကြိမ်ကြိမ် ကြိုးစားပါ သေးတယ်။ တောင်းပန်ပါတယ်။ နောက်ဆုံးတော့ ကျဲရဲ့ သတိမထားခဲ့မိတာကြောင့် မင်းကို ထပ်ပြီး အနှောက်အယှက် ဖြစ်စေပြန်ပြီ....
YOU ARE READING
The First Snow
Fanficပထမဆုံးကျတဲ့နှင်းမှာ ကိုယ့်လက်တွဲဖော် ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်တယ်တဲ့။