Unicode font 🤗🤗🤗
Xiao Zhan ရိုက်ကွင်းမှာ အရမ်း နွမ်းလျနေမိတယ်။ ရှုတင်က ပင်ပန်းတဲ့ဒဏ်နဲ့ စိတ်ပင်ပန်းတဲ့ဒဏ်နှစ်မျိုးပေါင်း ပြီး Xiao Zhan မောဟိုက်နေပြီ... ကြိုးစား အားတင်း ပြုံးထားသမျှ အားကုန်ခမ်းလာသလို ခံစားမိတယ်။
"Xiao Zhan!! မျက်နှာတွေလဲ ရဲနေပါလား...! အဖျားရှိနေတာလား..! "
Directorက Xiao Zhanကိုကြည့်ပြီး အားမလို အားမရ မေးလိုက်တယ်။ တပါတ်လုံးဆက်တိုက် ရှုတင်မနားဘဲ နေ့နဲ့ည လုံးပန်းနေတဲ့အတွက် စိတ်ရော ကိုယ်ရော နုံးချိနေတယ်။ အေးမြတဲ့ ရာသီဥတုမှာ မီးစလို ပြင်းရှတဲ့ အပူရှိန်တွေက Xiao Zhanတကိုယ်လုံးကို တောက်လောင်နေသလို ခံစားရတယ်။ ခေါင်းမာမာနဲ့ အားတင်းထားရင်း ရှုတင်ရိုက်နေခဲ့တာ အခုတော့ အပူရှိန်တွေက မျက်နှာတစ်ခုလုံးရဲနေအောင် တက်လာခဲ့တယ်။ မူးဝေဝေလို ခံစားရပေမယ့် ရှုတင်ပြီးတဲ့အထိ တင်းထားပြီး ရှုတင်ခဏပြီးတော့ မူးလဲမလို ဖြစ်နေတာနဲ့ နားနေခန်းမှာ အနားယူ နေလိုက်တယ်။ Directorကြီးက Xiao Zhanကို လှမ်းမြင်မိပြီး မေးလိုက်တာကြောင့် Xiao Zhan ခေါင်းထောင်ရင်း နှုတ်ဆက်လိုက်တယ်။
Xiao-- အပူရှိန်တော့ ရှိမယ်ထင်တယ်။ ကိစ္စမရှိပါဘူး။ ကျန်တဲ့ ရှုတင်ကို ရိုက်လို့ ဖြစ်ပါသေးတယ်။
" မင်း ပုံစံက မဟန်ဘူးထင်တယ်နော်။ အိမ်ပြန်နား လိုက်ပါလား...!"
Xiao--ရပါတယ်။ ကျွန်တော် ရိုက်နိုင်သေးတယ်။
"တယ် ခေါင်းမာပါလား..! အခုမနားရင် မင်း မူးလဲသွားလိမ့်မယ်...! သွား...! မန်နေဂျာကို ပြောပြီး အိမ်ပြန်နားတော့ မနက်ဖြန်လဲ မသက်သာရင် ရှုတင်မလာနဲ့!"
Xiao--ဟုတ်ကဲ့....
Xiao Zhanအတွက်စိတ်ပူပြီးပြောတဲ့စကားကို နားထောင်ပြီး ခေါင်းသာညိတ်ခဲ့ရတယ်။ မန်နေဂျာက အိမ်ပြန်ပို့ပေးတော့ Xiao Zhan အိမ်မှာပဲ လှဲအိပ်ပြီး အနားယူလိုက်တယ်။ တရေးနိုးလာတော့ မိုးတော်တော်ချုပ် သွားပြီ။ တကိုယ်လုံး အားမရှိသလို ခံစားမိပြီး အဖျား ပျောက်ဆေးသောက်ဖို့ တခုခုအရင်စားဖို့ စဉ်းစားမိပေမယ့် ရေခဲသေတ္တာထဲမှာ စားစရာကလဲဘာမှမရှိ... တကိုယ်လုံး ကိုက်ခဲနေတာကြောင့် Xiao Zhanမလှုပ်ရှားချင်ဘဲ စားပွဲမှာ ငြိမ်သက်စွာ ထိုင်နေမိတုန်း.....
YOU ARE READING
The First Snow
Fanfictionပထမဆုံးကျတဲ့နှင်းမှာ ကိုယ့်လက်တွဲဖော် ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်တယ်တဲ့။