Part-4

810 58 4
                                    

Zawgyi fontကအောက်မှာနော်🤗

Unicode ....

Xiao-- Yibo!! ဒီနေ့ ရာသီဥတု သာယာတယ်နော်! ထမင်းပုံမှန်စားရဲ့လား...!☺️☺️
8:30 AM

Xiao-- လေ့ကျင့်နေတာလား!! ဂရုစိုက်နော် ! မထိခိုက်စေနဲ့!🤗🤗
9:00 AM

Xiao-- ဒီနေ့ ပင်ပန်းလိုက်တာ!! ဘယ်တော့မှ နားရမလဲ မသိဘူး... ဟူး!! ဗိုက်ဆာတယ်...!!😖😖
1:36 PM

Xiao-- Yibo...! မင်း ငါ့စာကို အရေးမလုပ်ဘူးလား !!😖😖
3:30 PM

Xiao--Wang Yibo!! ငါ့ကို အရေးလုပ်ပါဦး!!!
3:35 PM

Xiao-- Yibo!! ခွေးပေါက်လေး!!! ဆိုးလိုက်တာ!!
3:43 PM

ဖုန်းဆီကနေ တတင်းတင်းနဲ့ စာပို့နေသံကို Yibo လေ့ကျင့်နေတုန်းမို့ မကြားမိပါ..  မနက်ကတည်းက လေ့ကျင့်ဖို့ကိုပဲ အာရုံစိုက်နေတာကြောင့် Yibo တစ်ယောက် Xiao Zhan စာပို့တာကို မသိပါဘူး။
မောဟိုက်နေပေမယ့် စိတ်ကိုမလွှင့်အောင် Yibo အတင်း အာရုံစိုက်ထားတယ်။ ခဏလောက် နားလိုက်မိတာနဲ့ ခေါင်းထဲ ဝင်လာတဲ့အကြောင်းအရာတွေက Yibo စိတ်ကို ထွေပြားစေတယ်။

Wang Yibo!!!

Wang Yibo!!

ကြားနေတဲ့ခေါ်သံကို နားထဲ မဝင်အောင် အတင်း စိတ်ကို စုစည်းထားမိတယ်။ ဒီခေါ်သံက သူ့နှလုံးသားဆီက ပဲ့တင်ထပ်သံမို့ တုန်ရီမောဟိုက်နေတဲ့အထိ Yibo လျစ်လျူရှုထားမိတယ်။

"Yibo!!! နားပါဦး!! မင်း မပင်ပန်းဘူးလား!! "

အဖွဲ့ခေါင်းဆောင်က Yibo ကို လှမ်းအော်လိုက်တယ်။

Yibo မကြားချင်ယောင်ဆောင်ပြီး ထပ်လေ့ကျင့်ဖို့ ကြိုးစားပေမယ့် ချိနဲ့လာတဲ့ ခြေထောက်တွေက စိတ်အလိုတိုင်း မလုပ်ဆောင်နိုင်တော့ Yibo လဲကျသွား တယ်။ အဖွဲ့ဝင်တွေ စိုးရိမ်ပြီး သူ့နားပြေးလာကြပေမယ့် Yibo က ခေါင်းမာမာနဲ့ စကိတ်ဘုတ်ကို ကိုင်ပြီး ပြန်ထဖို့ ကြိုးစားတယ်။

" မင်း နားသင့်ပြီ Yibo !! ဒီလိုနဲ့ မင်းဒဏ်ရာရလိမ့်မယ်။ သွားထိုင်နေတော့!! "

အဖွဲ့ခေါင်းဆောင်က Yibo ကိုထူပြီး နားတဲ့နေရာဆီ တွဲ‌ပို့လိုက်တယ်။ မောဟိုက်နေတဲ့ Yibo အတွက် ရေဘူး လှမ်းပေးပြီး သူလဲ လေ့ကျင့်ဖို့ ပြန်ထွက်သွားတယ်။ Yibo တယောက်တည်း အမောဖြေနေရင်း ထိုင်နေမိတယ်။ နောက်တော့ အိတ်ထဲက ချွေးသုတ်ဖို့ကို လက်ကိုင်ပုဝါထုတ်တော့ memoryတွေ အသစ်ပြန် အမှတ်ရမိပြန်တယ်။ သူ့လက်ကို စည်းပေးခဲ့တဲ့ Xiao Zhanရဲ့ လက်ကိုင်ပုဝါကို အမှတ်မဲ့ တွေ့မိလို့ပါ။ ရုတ်တရတ် မြင်ယောင်လာတဲ့ အပြုံးရိပ်လေးနဲ့ မျက်နှာလေးတစ်ခု ကို လွမ်းလာမိတယ်။ Yibo သက်ပြင်းကို ပင့်သက်ရှိုက်ပြီး အဝေးကို ငေးကြည့်နေလိုက်တယ်။

The First Snow Where stories live. Discover now