🌨️🌨️🌨️🌨️🌨️🌨️🌨️🌨️🌨️🌨️🌨️🌨️🌨️🌨️
ရုပ်ရှင်လောကသားတွေ စုံတဲ့ နှုတ်ဆက်ပါတီမှာ Xiao Zhan စားပွဲမှာ ထိုင်ရင်းလိုက်လျောညီထွေမှုရှိစွာ ရှန်ပိန် ခွက်ကို ကိုင်ထားရင်း စီနီယာကြီးတွေနဲ့ တည်တည် ငြိမ်ငြိမ် စကားပြောဖြစ်တယ်။ကာလနဲ့ချီပြီး ရိုက်ကူးခဲ့ ရတဲ့ ရုပ်ရှင် ပြီးဆုံးလို့သွားတော့ လုပ်ငန်းခွင်က Staff အချင်းချင်း... စီနီယာ.. ဂျူနီယာ... ရုပ်ရှင် အတွက် ခွန်အားစိုက်ထုတ်ပေးတဲ့ ဘယ်သူမဆို နှုတ်ဆက် ကြမယ့် ပါတီမှာ Xiao Zhan က အဓိက သရုပ်ဆောင်တစ်ယောက်အနေနဲ့ တက်ရောက် ဖို့ တာဝန် ရှိပါတယ်။
ဘေးနားက Directorကြီးက ရိုက်ကွင်းက အဖြစ် အပျက်တွေ အမှတ်တရတွေ ပြန်ပြောရင်း Xiao Zhan နဲ့ ခွက်ချင်းတိုက်ကာ Cheer လုပ်တယ်။ ပြီးတော့ One Shot တကျိုက်တည်း မော့သောက်ဖို့ ပြောတော့ Xiao Zhan အားနာနာနဲ့ တစ်ခွက် မော့သောက်မိတယ်။
နောက်ထပ် ရိုက်ကွင်းက အသိတွေ...ကူညီပေးခဲ့တဲ့ Staff တွေနဲ့ စီနီယာ ဂျူနီယာတွေ တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက် စကားပြောကြရင်း Xiao Zhan ခမျာ တခွက်ပြီးတခွက် ဆက်တိုက်မော့ သောက် မိတယ်။ နောက်တော့ ရီဝေဝေ ခံစားချက်လေးတွေ ဖြစ်လာတော့ ခွက်ကို စားပွဲမှာ ချပြီး စကား လာပြော သမျှ သူကို ပြုံးဖြီးဖြီးနဲ့ပဲ တုန့်ပြန်တယ်။
မျက်နှာလေးနီကာ ပုံမှန်ထက် စကားတွေ မပြောတော့ဘဲ ငြိမ်ငြိမ်လေး နေရင်း ပြောသမျှကို ပြုံးပြီး နားထောင် နေတဲ့ Xiao Zhan မူးနေပုံက ရယ်ချင်စရာပါ...
တော်တော်အချိန်ကြာအတူတူ အလုပ်တွဲလုပ်ခဲ့တဲ့ အနုပညာ မောင်နှမတွေနဲ့ ဝန်ထမ်းတွေကို နှုတ်ဆက်လို့ အပြီးမှာ Xiao Zhan ပါတီထဲကနေ ခဏထွက်လာပြီး ဖုန်းကိုထုတ်ကာ Yibo ကို ဖုန်းဆက်လိုက်တယ်။Xiao Zhan ရှိန်ပိန် အရှိန်ကြောင့် ရီဝေဝေ ဖြစ်နေမိတဲ့ အချိန်မှာ Yibo ကို သတိရနေမိတဲ့စိတ်က ပိုဆိုး လာတယ်။ ဒါကြောင့် သူ့အသံလေးပဲ ဖြစ်ဖြစ် ကြားရရင် တော်ပါပြီဆိုတဲ့ စိတ်နဲ့ မနက်ဖြန်အထိ မစောင့်နိုင်ဘဲ Yibo ဆီဖုန်းခေါ်ဖို့ ကြိုးစားလိုက်တယ်။
Xiao-- Bo Bo... အချစ်လေး.. ကိုယ့်အသဲတုံးလေး...
Yibo-- ......
YOU ARE READING
The First Snow
Fanfictionပထမဆုံးကျတဲ့နှင်းမှာ ကိုယ့်လက်တွဲဖော် ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်တယ်တဲ့။