ဒီနေ့ Yibo , Xiao Zhan ပြန်လာမှာကို အိမ်မှာ စောင့်နေပေမယ့် တော်တော်မိုးချုပ်တဲ့အထိ Xiao Zhan ပြန်မလာပါဘူး... စိတ်ပူမိပြီး ဖုန်းဆက် ပေမယ့်လဲ Xiao Zhanဘက်က မကိုင်ပါဘူး... ဒါကြောင့် Yibo ထိုင်မရ ထမရနဲ့ စိုးရိမ်နေမိတယ်..နောက်ဆုံး Zhan Geရဲ့ မန်နေဂျာဖြစ်သူ Yun Ge ကိုပါ ဖုန်းဆက်လိုက်တယ်။
"Hello..!!"
Yibo-- Hello ... မန်နေဂျာ... ကျွန်တော် Yibo ပါ... Zhan Ge အိမ်ကို ပြန်မလာသေးလို့... ဖုန်းလဲ မကိုင်လို့..
Yun--..... ...... ဪ.... သူ ဒီနေ့.... ပြန်လာဖြစ်မယ် မထင်ဘူး.... ဖုန်းကိုင်ဖို့လဲ... အဆင်မပြေသေးလို့ ထင်တယ်... စိတ်မပူပါနဲ့... ဒီဘက်က ကိစ္စလေးတွေ နည်းနည်း ရှုပ်နေတာကြောင့်ပါ...
Yibo-- ဒါဆို... အဆင်ပြေမယ့် အချိန်ကျရင် ကျွန်တော့် ကို ဖုန်းပြန်ဆက်ပေးဖို့ ပြောပေးပါနော်... ပြီးတော့... ကျန်းမာရေးကို ဂရုစိုက်ပေးပါလို့...
Yun-- ကောင်းပါပြီ... ပြောပေးလိုက်ပါ့မယ်...
Yibo ဖုန်းပြန်ချလိုက်ပေမယ့်... စိတ်ပူတာတွေ နည်းနည်းမှ မလျော့သွားပါ... အခုဆို မိုးတောင် လင်းနေပြီ... ဘယ်လောက်ထိ အလုပ်တွေ များနေတာ ကြောင့် အိမ်ကို ပြန်မလာနိုင်ရတာလဲ... Ge ပင်ပန်း နေမလားဆိုတဲ့ အတွေးတွေနဲ့ Yibo တညလုံး အိပ်စက် လို့ မရခဲ့ပါ...
အသက်မပါတဲ့ ခြေလှမ်းတွေနဲ့ ကျောင်းကို သွားနေမိတဲ့ Yibo မှာ သက်ပြင်းတွေချည်းပဲ ပင့်သက်ရှိုက်ရင်း Ge ကိုပဲ စိတ်ထဲကနေ တောင့်တနေမိတယ်။ Ge အလုပ် ကြောင့် အိမ်ကို ပြန်မလာနိုင်တဲ့ အခိုက်အတန့်က အရင်ကလဲ ရှိခဲ့ပေမယ့် အခုချိန်... တခုခု ကွဲပြားနေ သလို ခံစားမိတယ်။
အခုတလော Geက မဟုတ်မမှန်တဲ့ သတင်းတွေကြောင့်ပဲ ပိုပြီး စိတ်ရှုပ်နေမလား...ဒါမှမဟုတ် အလုပ်ကပဲ ပုံမှန် ထက် ပိုများနေတာကြောင့်လား...
သေချာတာကတော့ အခုတလော Ge ရဲ့ မျက်နှာ က အများကြီး အရောင်မှိန် ညိုးငယ်နေတယ်ဆိုတာကို သတိထားမိပါတယ်။ Yibo ရှေ့မှာ ဘယ်လောက်ပဲ ကြိုးစားပြီး ပြုံးပြနေပေမယ့် Zhan Ge ရဲ့ အကြည့် တွေထဲမှာ ပူပင်မှုတွေနဲ့ နွမ်းနယ်နေတယ်ဆိုတာ Yibo မြင်မိတယ်။
YOU ARE READING
The First Snow
Fanfictionပထမဆုံးကျတဲ့နှင်းမှာ ကိုယ့်လက်တွဲဖော် ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်တယ်တဲ့။