❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️Xiao Zhan ရင်ခွင်ထဲမှာ အိပ်စက်ခွင့်ရတဲ့ Yibo ကတော့ နွေးထွေးမှုတွေနဲ့ ကြင်နာစွာ ထွေးပွေ့ပေးထားတဲ့ လက်တစ်စုံကြား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့တယ်။ မနက်မိုးလင်းတော့ Yibo မျက်လုံးတွေ ဖြေးဖြေးချင်း ဖွင့်လာမိတယ်။ အိပ်ချင်မူးတူးနဲ့ အိပ်ရာပေါ်က ခေါင်းထောင်ကြည့်တော့ Ge ရဲ့ အိပ်ခန်းထဲ ရောက် နေမှန်း သတိထားမိပြီး Yibo ယောင်နန ဖြစ်သွားတယ်။ Ge ကတော့ အခုလောလောဆယ် အခန်းထဲမှာ ရှိမနေ ပါဘူး။ Yibo တစ်ယောက်တည်း နိုးလာခဲ့ပေမယ့် ဘေးနားမှာ Ge အိပ်စက်ခဲ့တယ်ဆိုတဲ့ အနေအထား ကိုတော့ သတိထားမိလိုက်တယ်။
မနေ့ညက ချောင်ရှင်း Ge နဲ့ အတူသောက်ခဲ့တာအထိ သဲသဲကွဲကွဲ မှတ်မိပေမယ့် Zhan Ge ဆီ ဘယ်လို ရောက်လာမိတာလဲဆိုတာ ဇဝေဇဝါ ဖြစ်မိတယ်။ အခု အခြေအနေတွေအရ Ge , Yibo ကို သူ့အနား တစ်ညတာ အိပ်စက်ခွင့် ပေးခဲ့တယ်ဆိုတာ သေချာ ပါတယ်။
ညက Yibo ပုံမှန်သောက်နိုင်တာထက် ပိုသောက်ခဲ့မိတာ တော့ မှတ်မိတယ်။ နာကျင်လွန်းတဲ့ နှလုံးသားဒဏ်ရာကို ကုစားဖို့ ကြံရာမရ ဖြစ်မိရင်း ချောင်ရှင်းGe ကိုခေါ် ပြီး Yibo စူးခါးတဲ့ အရက်တွေနဲ့ ဝေဒနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် စိတ်တွေ လွတ်ထွက် သွားပုံရပြီး Zhan Geဆီ ရောက်လာမိတယ်။ သွားပြီ... Ge တော့ စိတ်ဆိုးတော့မှာပဲ....
မနေ့ညက ဘာတွေများ အမှားလိုက်ခဲ့မိလဲဆိုတာ Yibo ဦးနှောက်ကို အတင်းဖျစ်ညစ်ပြီး စဉ်းစားလိုက်တယ်။ တကယ်ဆို Ge က Yibo ကို သူ့အနားမှာ မရှိရင် အရက်မသောက်ရဘူးလို့ ကတိပေးခိုင်းခဲ့တာကို နားမထောင်ဘဲ ချောင်ရှင်း Ge နဲ့ သောက်ခဲ့တာကြောင့် အပြစ်ရှိသလို Yibo စိတ်တွေ မလုံမလဲ ဖြစ်မိတယ်။ Ge ငါ့ကို စိတ်များဆိုးမလား...
မနေ့ညက Yibo မူးချင်တိုင်းမူးနေခဲ့တော့ Ge ကို ပြောချင်တဲ့ စကားတွေကိုတောင် ပြောဖြစ်ခဲ့ရဲ့လား မမှတ်မိတော့... ပြီးတော့ Ge ဆီက ယုယမှုလေးတောင် ရခဲ့ရဲ့လားဆိုတာ Yibo စဉ်းစားမရ ဖြစ်ပြီး စိတ်ဖိစီး သွားတယ်။
တောက်စ်...! ညက မမူးခဲ့ရင် အကောင်းသား....
အခုတော့ Ge နဲ့အတူကုန်ဆုံးခဲ့ရတဲ့ ညလေးက သာယာတဲ့ ညလေးဖြစ်ရဲ့သားနဲ့ ဘာမှ အခွင့်အရေး မယူလိုက်ရဘဲ ကုန်ဆုံးခဲ့ရတာကို တနုံ့နုံ့ တွေးရင်း Yibo အားမလိုအားမရ ဖြစ်မိတယ်။
YOU ARE READING
The First Snow
Fanficပထမဆုံးကျတဲ့နှင်းမှာ ကိုယ့်လက်တွဲဖော် ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်တယ်တဲ့။