❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️Xiao Zhan နွေးထွေးတဲ့ ကိုယ်ငွေ့နဲ့ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်ခဲ့ရတယ်ဆိုတာကို ခံစားမိတယ်။ ညင်သာတဲ့အနမ်းတစ်ပွင့်နဲ့ Xiao Zhanရဲ့ အိမ်မက် တွေကို လှပစေခဲ့တယ်ဆိုတာကို အသိအာရုံတွေထဲကနေ တဆင့် ရိပ်မိခဲ့တယ်။ အရမ်းနွေးထွေးတဲ့ရင်ခွင်ထဲ စည်းချက်မှန်တဲ့ အသက်ရှုသံနဲ့ နှလုံးခုန်သံတွေကြား အိပ်စက်ခွင့်ရခဲ့တဲ့အတွက် အိမ်မက်တွေကအရမ်းကို လှပ စေခဲ့တယ်ဆိုတာ သူ... အနားမှာ ရှိနေပေးခဲ့လို့ဆိုပြီး Xiao Zhan ယုံကြည်မိတယ်။
ဒါကြောင့် မနက်ခင်းမှာ Xiao Zhan စိတ်ချမ်းသာ စွာ နိုးထလာမိတယ်။ မျက်လုံးတွေဖွင့်ဖွင့်ချင်း တညလုံး နွေးထွေးစေခဲ့တဲ့ ရင်ခွင်ကို မြတ်နိုးမိစွာနဲ့ ညင်သာစွာ လက်နဲ့ စမ်းမိတယ်။
ဒါပေမယ့်... အေးစက်တဲ့ Xiao Zhan ရဲ့ ဘေးက အိပ်ရာက ကွက်လပ်ဖြစ်နေပါတယ်။ ဒါကြောင့် နိုးနိုးချင်း အိပ်ခန်းထဲ မျက်စိတဆုံး လှည့်ပတ်ရှာဖွေ မိတယ်။ ညတုန်းက ဘေးနားမှာ အတူရှိနေပေးခဲ့တယ် ဆိုတာ အိမ်မက် မဟုတ်မှန်း Xiao Zhan သိပါတယ်။ နွေးထွေးတဲ့အထိအတွေ့တွေက လက်တွေ့ဆန် လွန်းတာကြောင့် သေချာပေါက် သူ အနားမှာ ရှိနေပေး ခဲ့မှန်း Xiao Zhan ယုံကြည်မိတယ်။ ဒယိမ်းဒယိုင် ခြေလှမ်းတွေနဲ့ အခန်းအပြင်ကို ထွက်ပြီး အိမ်ရဲ့တနေရာ မှာ ရှိမလားဆိုတဲ့ အတွေးနဲ့ ပြေးထွက်လာမိတယ်။ မီးဖိုချောင် ဘက်မှာ အရိပ်တစ်ခု လှမ်းမြင်လိုက်တာ ကြောင့် Xiao Zhan ရင်ထဲလှိုက်အောင် ပြုံးရင်း မီးဖိုချောင်ဆီ သွားလိုက်တယ်။ မီးဖိုချောင်မှာ ကျောပေး ထားတဲ့ အရိပ်တစ်ခုဆီ ရောက်တော့....
Xiao Zhan အပျော်တွေ ရပ်တန့်သွားတယ်။
Xiao-- .............
Xiao Zhan အလောတကြီးဝင်လာတဲ့ အသံကြောင့် လှည့်ကြည့်လိုက်တဲ့သူက ...
Yun မန်နေဂျာပါ...
Yun-- နိုးပြီလား Xiao Zhan...? သက်သာရဲ့လား..
Xiao Zhan တကိုယ်လုံး အားအင်တွေ ပြန် ဆုတ်လျော့သွားသလို ခံစားမိတယ်။ မျှော်လင့်ထားတဲ့ မျက်နှာကို မမြင်ရတော့ ရင်ထဲ နုံးခွေသွားမိတယ်။ ဒါဆို...... ညက ငါ အိမ်မက်ပဲ မက်ခဲ့တာ ပေါ့.... မင်းရဲ့ ကြင်နာမှုကို ဘယ်လောက်ထိ တမ်းတနေမိလို့ အခုလို အိမ်မက်တွေအထိ တောင့်တနေရ တာလဲ... လို့ Xiao Zhan တွေးမိတယ်။
YOU ARE READING
The First Snow
Fanfictionပထမဆုံးကျတဲ့နှင်းမှာ ကိုယ့်လက်တွဲဖော် ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်တယ်တဲ့။