Xiao Zhan မမောနိုင်ဘဲ Yibo ပြန်လာရင် စားဖို့အတွက် ညစာကိုပြင်ဆင်နေပါတယ်။ သူ ကြိုတ်တတ်တာမှန်သမျှ မမေ့မလျော့ ပြင်ဆင် ချက်ပြုတ်ရင်း နာရီတကြည့်ကြည့်နဲ့ တွေးတွေးပြီး ပျော်နေပါတယ်။ အားလုံးလဲ ပြင်ဆင်ပြီးတော့ စိတ်ကျေနပ်သွားတယ်။ အသဲအသန် ရေမိုးချိုးပြီး အပြတ်ရှိုင်းလိုက်တယ်။ Yibo မျက်လုံးထဲမှာ Xiao Zhan ကို အရင်လိုကြည့်ကောင်းတုန်း... ပြန်ဆုံရင် အရင်လို ရင်ခုန်စေနိုင်တုန်း... ဆိုပြီး တွေးတာမျိုးပဲ လိုချင်တာကြောင့်ပါ...
Xiao Zhan မှန်ကို အထပ်ထပ်အခါခါ ကြည့်ပြီး ပြင်ဆင်လို့ မပြီးနိုင်ပါ...အရမ်းစိတ်လှုပ်ရှားနေတာ ကြောင့် ရင်ဘတ်လေးကို အသာဖိပြီး စိတ်ငြိမ်အောင် လက်ထဲမှာ ဝတ်ထားတဲ့ လက်စွပ်လေးကို ငုံ့နမ်းလိုက် တယ်... မင်းကိုပြန်တွေ့ရင်... ကိုယ်ဘယ်လို ရင်ဆိုင် ရမလဲတောင်မသိတော့ဘူး... အခုကတည်းက ကိုယ့်ရင်တွေခုန်တာ အရမ်းမြန်နေပြီ...
Xiao Zhan ဧည့်ခန်းကဆိုဖာပေါ်ထိုင်ပြီး အိမ် တံခါးဝကိုပဲ စိုက်ကြည့်ရင်း တံခါးဖွင့်ဝင်လာမယ့် အရိပ်ကို စောင့်နေမိတယ်။ နံရံပေါ်က နာရီက တချက်ချက်နဲ့ ကြားနေရပြီး သူ့ရင်ခုန်သံကပါ နာရီသံတချက်ကြားတိုင်း တဒိန်းဒိန်းနဲ့ ကာရံညီနေ ပါတယ်။ အချိန် တော်တော် ကြာကြာစောင့်နေပေမယ့် မျှော်နေတဲ့ အရိပ်လေးက မပေါ်လာပါ...
Xiao Zhan ဖုန်းလေးကိုင်ပြီး သတင်းတွေ ဖွင့်ကြည့်တော့... ပြိုင်ပွဲဝင်တွေ ပြန်ရောက်တာ လွန်ခဲ့တဲ့ နှစ်နာရီ ကျော်လောက်ကတည်းကပါ... အခုချိန်ထိ ဘာလို့ Yibo ပြန်မရောက်သေးတာလဲ... Xiao Zhan စိတ်ဂယောက်ဂယက်နဲ့ အလိုမကျ ဖြစ်နေမိတယ်။ ဖုန်းခေါ်လိုက်ရမလား... မဖြစ်သေးဘူး... သူ Xiao Zhan ကို အရင်ဖုန်းမခေါ်တာ အလုပ်ရှုပ်နေလို့ ဖြစ်မယ် ဆိုပြီး ဖုန်းခေါ်ဖို့အတွေးကို လက်လျော့လိုက်တယ်။
Xiao Zhan အခန်းထဲ ခေါက်တုန့်ခေါက်ပြန် ပတ်လျှောက်ရင်း ဂဏှာမငြိမ်ဖြစ်နေမိတယ်။ နောက်တော့ စိတ်မချဘဲ Yun မန်နေဂျာကို ဖုန်းဆက်လိုက်တယ်။
Yun-- အေး... Xiao Zhan..
Xiao--Yun Ge... Yibo ပြန်မရောက်သေးလို့ သူတို့ ပြန်ရောက်တာ လွန်ခဲ့တဲ့ ၂နာရီကတည်းက.. အခုထိ အိမ်ကို ပြန်မလာသေးလို့...
YOU ARE READING
The First Snow
Fanfictionပထမဆုံးကျတဲ့နှင်းမှာ ကိုယ့်လက်တွဲဖော် ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်တယ်တဲ့။