Unicode fontကွင်းထဲရောက်တော့ သာမန်ထက်အဖွဲ့ဝင်တွေ ပိုများနေတာကို Yibo သတိထားမိတယ်။
Yiboကိုမြင်တော့ အဖွဲ့ခေါင်းဆောင်က အနားကို ပြေးလာပြီး သွားအဖွေးသား ဖြဲပြရင်း...
"Yibo!! ဒါ အဖွဲ့ထဲကို အသစ်ဝင်တဲ့ အဖွဲ့ဝင် မိန်းကလေးတွေလေ။အခု မင်းက ရေပန်းစားပြီး မင်းကြောင့် သူတို့တွေက အဖွဲ့ထဲကို အသဲအသန် ဝင်ချင်ကြလွန်းလို့တဲ့... ငါလဲ အဖွဲ့ဝင်တွေ များလေ ကောင်းလေပဲဆိုပြီး...."
အဖွဲ့ဝင်အသစ်တွေအားလုံးက မိန်းကလေးတွေဖြစ်ပြီး Yibo ကွင်းထဲရောက်တာမြင်တော့ မသိသာသလိုတမျိုး သိသိသာသာတစ်မျိုး ငေးကြည့်နေကြပြီး တိုးတိုးကြိတ်ကြိတ် အသံပေါင်းစုံထွက်နေကြတယ်။ Yibo ရဲ့မျက်နှာကို လှမ်းအကဲခတ်နေကြပြီး အသဲအသန်
Yibo ကခေါင်းဆောင်စကားကြောင့် မျက်မှောင်ကြုတ် ရင်းYibo-- သူတို့တွေက စကိတ်ဘုတ်ကိုတောင် ကောင်းကောင်း စီးနိုင်ကြလို့လား? နောက်လာမယ့် ပြိုင်ပွဲအတွက် လေ့ကျင့်ဖို့တောင် အချိန်မလောက်တဲ့ အထဲ ကစားနေဖို့ အချိန်မရှိဘူး!!ချောင်ရှင်းကော.!! စိတ်ကို ထိန်းစမ်းပါဦး!!
Yibo ကအမြဲ တည်တည်ကြည်ကြည်နဲ့ အေးအေး ဆေးဆေး နေတတ်တဲ့သူဆိုပေမယ့် တကယ်တမ်း စိတ်ဆိုးလာပြီဆိုရင် ကြောက်ဖို့ကောင်းလောက်အောင် ပြောင်းလဲသွားပါတယ်။ ဒါကြောင့် ခေါင်းဆောင်က သွားလေးဖီးပြီး Yibo ကို တောင်းဆိုသလို မျက်နှာနဲ့...
"ငါသိပါတယ်ကွာ..! မင်းဆန္ဒမပါဘဲနဲ့တော့ ငါဘာမှ မဆုံးဖြတ်ပါဘူး။ စည်းမျဉ်းအတိုင်း အရည်အချင်းစစ်ပြီး အဖွဲ့ဝင်လို့ရမရ ဆုံးဖြတ်ကြတာပေါ့..!"
Yibo ကခေါင်းဆောင်လဲနားမလည် အဆင်မပြေရင် ပြန်ပြောဖို့ ဝန်မလေးပါ။ တခြားအဖွဲ့သားတွေက ခေါင်းဆောင်ကို ဘာမှမပြောဘဲ ငြိမ်နေကြပေမယ့် Yibo ကတော့ ပွင့်ပွင့်လင်းလင်းသမားဆိုတော့ စိတ်ထဲ ရှိတဲ့အတိုင်းပဲ ပြောတတ်လွန်းတာကို ခေါင်းဆောင် သိပါတယ်။အခုလို ခေါင်းဆောင်ဘက်ကလဲ အဆင်ပြေ အောင် Yibo ကိုညှိနှိုင်းတော့လဲ သည်းခံပြီး လက်ခံလိုက်ရတာပေါ့...
YOU ARE READING
The First Snow
Fanfictionပထမဆုံးကျတဲ့နှင်းမှာ ကိုယ့်လက်တွဲဖော် ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်တယ်တဲ့။