ရှန်ဟိုင်းမှာ ရှုတင်ကြောင့် ရောက်နေတဲ့ အချိန်အတွင်း Xiao Zhan စိတ်မအေးနိုင်ဖြစ်မိတယ်... အနေ ဝေးတဲ့ အချိန်အတွင်း Yibo ကို သတိရစိတ်တွေနဲ့
စိုးရိမ်မှုတွေကြောင့် Xiao Zhan ပျာယာခတ် နေပါတယ်။ ရှုတင်နားတဲ့အချိန်တွေမှာ Xiao Zhan ဖုန်း တကိုင်ကိုင်နဲ့ Yibo ဆီ စာပို့လိုက် ဖုန်းဆက် လိုက်နဲ့ ဗျာများနေတယ်။အခုလို တယောက်နဲ့တယောက်ဝေးကွာနေတဲ့အချိန် Yibo ထမင်းအချိန်မှန် စားရဲ့လား....
ထိခိုက်ဒဏ်ရာများ ရနေသလား...
ဘယ်မှာ ဘာလုပ်နေ တယ်...ကအစ Xiao Zhan သိချင်မိတယ်။ကိုယ့်အပူနဲ့ကိုယ် ရတတ်မအေးနိုင် ခံစားနေရပေမယ့် အလုပ်ကိစ္စကြောင့် အတတ်နိုင်ဆုံး စိတ်ကို ဖြေဖျောက် နေရတယ်။ Yibo အကြောင်း တွေးမိတိုင်း သတိရ စိတ်တွေနဲ့ သူပေးထားတဲ့ လက်စွပ်လေးကို မြတ်မြတ် နိုးနိုး နမ်းရှိုက်မိတယ်။ ကိုယ်မင်းကို အချိန်တိုင်း လွမ်းနေရတယ် ကလေးရေ....
မားနဲ့ ထိပ်တိုက် တွေ့ခဲ့တဲ့ကိစ္စကြောင့် Yibo ရဲ့ စိုးကြောက် နေတဲ့ စိတ်ကို Xiao Zhan နားလည်မိတယ်။ မားရဲ့စကားတွေက လက်တွေ့ကျတာ မှန်ပေမယ့် အရင်ကတည်းက Xiao Zhan မစဉ်းစားဘဲနဲ့ Yiboကို ချစ်ခဲ့တာမှမဟုတ်တာ...
Yiboကို အဆုံးရှုံးမခံနိုင်တဲ့အထိ အသည်းနင့်အောင် ချစ်မိနေတာ ကိုယ့်ကိုကိုယ် သေချာတော့မှ တွေးတော နိုင်တဲ့ ဦးနှောက်ထက် နှလုံးသား ကို ဦးစားပေးခဲ့တာ... အချိန်ကြာလေ...Yiboကို တွယ်တာမိတဲ့ သံယောဇဉ် တွေက ဖြတ်မရတဲ့အထိ ခိုင်မာနေခဲ့ပြီ....
သားကို နားလည်ပေးနိုင်မှာလား မား....
သား ကောင်လေးကို ချစ်မိတဲ့ သားရဲ့ နှလုံးသားကို မျက်နှာလွှဲ မသိချင်ယောင်ဆောင်လို့ မရခဲ့တာ ကိုပေါ့...
❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️
"ဇာတ်ကောင် Characterနဲ့ မကိုက်ညီလို့ လက်စွပ်ကို ခဏချွတ်ပေးနော် Xiao Zhan..! "
ဇာတ်လမ်းရဲ့ လိုအပ်ချက်အရ Characterအတိုင်း သရုပ်ဆောင်ဖို့ လက်စွပ်ကိုချွတ်ပေးဖို့ Directorက တောင်းဆိုတယ်။
Xiao Zhanက Designerဆီက ကြိုးပျော့ တစ်ကြိုး တောင်းပြီး Yiboနဲ့ ဆင်တူ လက်စွပ်လေး ကို လည်ပင်းမှာ မမြင်သာအောင် ဆွဲဖို့ပြင်လိုက်တယ်။
YOU ARE READING
The First Snow
Fiksi Penggemarပထမဆုံးကျတဲ့နှင်းမှာ ကိုယ့်လက်တွဲဖော် ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်တယ်တဲ့။