Unicode
❄❄❄❄❄❄❄❄❄❄❄❄❄
စကိတ်ကို ထော့နဲ့ ထော့နဲ့ ကိုင်ရင်း မျက်နှာရှုံ့မဲ့နေတဲ့ feiyan ကို မျက်နှာသေနဲ့ လှမ်းကြည့်နေတာက Wang Yiboပါ...
စကိတ်တောင် အဖြစ်ရှိအောင် မစီးတတ်ဘဲနဲ့ အဖွဲ့ထဲ ဝင်လာရတယ် လို့ဆိုပြီး Yibo စိတ်ပျက်နေပုံပါ..
Yibo-- မင်းကစားလို့ ဝပြီလား?? အခုချိန်ထိ ကောင်းကောင်း စီးတတ်အောင် မလေ့ကျင့်နိုင်သေးဘူးလား?
Feiyan-- feiလဲ ကြိုးစားတာပဲ... ဟန်ချက်ပျက်ပျက်ပြီး လဲကျတာ... အဲလိုကြီး အတည်ပေါက်မျက်နှာနဲ့ မဆူပါနဲ့ fei ပါးပါးတောင် အဲလိုအသံမာမာနဲ့ ပြောဖူးတာ မဟုတ်ဘူး
Yibo--အခု ဒီနေရာကို ကစားကွင်းလို့ ထင်နေတာလား? တခြားသူတွေ သေချာအာရုံစိုက် လေ့ကျင့်နေတဲ့အချိန် မင်းက အနှောက်အယှက်ပေးသလို ဖြစ်နေတာကို ...
Fei-- အဲလို ရည်ရွယ်တာ မဟုတ်ပါဘူး။ Feiက နင့်နားမှာ ရှိချင်လို့... မစီးတတ်တဲ့ စကိတ်ကို မနည်း ကြိုးစား လေ့ကျင့်နေတဲ့ဟာကို...
ရဲတင်းတဲ့အပြောနဲ့ မျက်လုံးဝိုင်းတွေနဲ့ Yiboကို မူနွဲ့ ပြောလိုက်ပေမယ့် Yiboက အအေးစက်ဆုံး မျက်မှောင်ကြုတ်လိုက် ရင်း...
Yibo--မင်းဒီလိုရည်ရွယ်ချက်ပဲ ရှိတယ်ဆိုရင် ဘယ်သူ့ကိုမှ မထိခိုက်အောင် အဖွဲ့က ထွက်သွားသင့်တယ်။ ဒီမှာက စကိတ်ဘုတ်ကို အပျော်အပျက်စီးနေကြတာ မဟုတ်ဘူး။ သူများရဲ့အချိန်ကို မဖြုန်းမိ စေနဲ့..!!
Yiboစကားကြောင့် Fei မျက်နှာငယ်လေး ဖြစ်သွားတယ်။ ဘယ်ယောက်ျားမဆို နှစ်ခါလောက် ပြန်လှည့်ကြည့်ရတဲ့ အလှမျိုး ပိုင်ဆိုင်ထားတဲ့ Fei တောင် Yiboလို ရေခဲကျောက်ဆောင်ကြီးကို မဖြိုလဲနိုင်ဘူးတဲ့လား..ဒါပေမယ့် Feiဆိုတာကလဲ ခက်ခဲတာကိုမှ ပိုသဘောကျတတ်တဲ့ ကောင်မလေးမျိုး... Yiboရဲ့ တည်ကြည်တဲ့ ဆူငေါက်သံက Feiရဲ့ နာခံ ချင်တဲ့စိတ်တွေနဲ့ လေးစားမိလာတယ်။
Fei--ကောင်းပါပြီ.. ကောင်းကောင်း ကြိုးစားပါ့မယ်။ ဒီတခါ တကယ် စီးနိုင်အောင် လုပ်မယ်... !
Feiက သူ့စကိတ်ဘုတ်ကို ကောက်ကိုင်ပြီး Yiboနဲ့ မျက်နှာချင်း ဆိုင်ဘက်ကနေ စကိတ်ကို စလိမ့်ပြီး ဟန်ချက်ထိန်းကာ စီးလိုက်တယ်။ စစီးတုန်းကတော့ အဆင်ပြေပေမယ့် လမ်းတဝက်ရောက်တော့ ဟန်ချက်ပျက်ပြီး Yiboနားရောက်ခံနီး လဲကျမလို ဖြစ်သွားတယ်။
YOU ARE READING
The First Snow
Fanfictionပထမဆုံးကျတဲ့နှင်းမှာ ကိုယ့်လက်တွဲဖော် ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်တယ်တဲ့။