The first snow part-7
နေ့တိုင်းလို Yibo တစ်ယောက် Xiao Zhanအိမ်ကို ရောက်လာတတ်တယ်။ ရှုတင်က Xiao Zhan ပြန်မလာသေးလဲ Yibo ကအိမ်မှာ စောင့်နေတတ်တယ်။ Xiao Zhanအတွက်တော့ ပျော်စရာနေ့ရက်တွေပေါ့... ရှုတင်ကပြန်လာတိုင်း စောင့်ကြိုပေးနေတတ်တဲ့ Yibo ရှိတော့ အမောလဲပြေ အလွမ်းလဲပြေတာပေါ့။ တနေ့လုံး ပင်ပန်းနေတာတွေလဲပျောက်ပြီး Yibo မျက်နှာလေး ကြည့်ရင်း အမောဖြေနိုင်လို့ ပျော်မဆုံးနိုင်ဖြစ်နေတာ ကတော့ Xiao Zhanပါပဲ....
အရင်နေ့တွေလို Xiao Zhan ရှုတင်ကနေ ပြန်လာတော့ ဧည့်ခန်းက ဆိုဖာပေါ်မှာ Game ထိုင်ဆော့နေတဲ့ Yibo ကို မြင်ရတော့ အမောပြေသွားမိတယ်။ အထုပ်တွေချပြီး Yibo နား အပြေးလေး ဝင်ထိုင်လိုက်တယ်။
Xiao-- စောင့်နေတာ ကြာပြီလား ကလေး....
Yibo-- ဒီနေ့နောက်ကျတယ်နော်...
Xiao--ဟုတ်တယ်။ နောက်ဆုံးရှုတင်ဆိုတော့ ပိုပြင်ဆင်စရာရှိတာတွေနဲ့ ကြာသွားတယ်။
Yibo--ညစာရော...
Xiao--အဖွဲ့သားတွေနဲ့ စားပြီးပြီ Yibo ရော....?
Yibo--ကျွန်တော်လဲ ပြီးပြီ....
Xiao-- လေ့ကျင့်တာရော ဘယ်လိုလဲ....?Yibo--အဆင်ပြေပါတယ်။
Xiao-- ဒီတခေါက်နားရက်ရရင် ကိုယ်တို့ ဘယ်သွားရင် ကောင်းမလဲ?
Yibo--ကျွန်တော့်ကို အချိန်တစ်ရက်ပေးမယ် ပြောထားတယ်လေ...Xiao--ကိုယ်သိပါတယ်။ အချိန်တစ်ရက်ရရင် Yibo က ဘယ်သွားပြီး ဘာလုပ်ချင်တာလဲ?
Yibo-- မပြောဘူး... ကျွန်တော့်ကို ကတိအတိုင်းသာ အချိန်တစ်ရက် အနားမှာနေပေး....
Xiao Zhan နှုတ်ခမ်းဆူပြရင်း gameဆော့နေတဲ့ Yibo ပေါင်ပေါ် ခေါင်းချကာ ပက်လက်လှဲလိုက်တယ်။
Xiao-- ဘယ်ပဲသွားသွား...ဘာပဲလုပ်ရလုပ်ရ မင်းနဲ့အတူ ရှိနေရမှာပဲ... ကိစ္စမရှိပါဘူး...
Yibo--ပင်ပန်းနေပြီ ရေသွားချိုးတော့လေ...
Xiao--အိုက်ရား...! ဒီလိုလေး ခဏနေချင်သေးတယ် !!
Xiao Zhanက Yibo ဘက်ကို တစောင်းလှည့်လိုက်ပြီး Yibo ခါးကို ဖက်လိုက်တယ်။ Xiao Zhanရဲ့ ချစ်စဖွယ်ချွဲနွဲ့မှုကြောင့် Yibo တင်းမခံနိုင်တော့ဘဲ ဆော့လက်စ Game ကိုချကာ သူ့ပေါင်ပေါ်ခေါင်းအုံး ထားတဲ့ Xiao Zhan ခေါင်းကို အသာအယာလေး ပွတ်သပ်ပေးလိုက်တယ်။ Xiao Zhanက မျက်လုံးတွေ မှိတ်ထားပေမယ့် Yibo ရဲ့အထိအတွေ့ကို သဘောကျစွာ ပြုံးရင်း မျက်နှာနဲ့နီးနေတဲ့ Yibo ဗိုက်နားကို ရွှတ်ခနဲ နမ်းလိုက်တယ်။ ရုတ်တရတ် Yibo လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီး ဝရုန်းသုန်းကား မတ်တပ်ထရပ်တယ်။ သူ့ပေါင်ပေါ် ခေါင်းအုံးထားတဲ့ Xiao Zhanက Yibo ရဲ့ ရုတ်တရတ်အပြုအမူကြောင့် ကြောင်သွားမိတယ်။
YOU ARE READING
The First Snow
Fanfictionပထမဆုံးကျတဲ့နှင်းမှာ ကိုယ့်လက်တွဲဖော် ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်တယ်တဲ့။