Xiao Zhan ရှန်ဟိုင်းကို ရှုတင်ကြောင့် သွားရမယ်ဆိုတော့ ပြင်ဆင်စရာရှိတာတွေ ပြင်နေရတယ်။ နောက်နေ့ လေယာဉ်နဲ့မသွားခင် အိမ်မှာ အချိန်ယူ ပြင်ဆင်ရတယ်လေ။
၃,၄ လလောက် ကြာမှာဆိုတော့ လိုအပ်မယ့်ဟာတွေ သေချာ ထုပ်ပိုး နေရပါတယ်။ ရေချိုးပြီးထွက်လာတဲ့ Yiboက ခေါင်းသုတ်ရင်း Xiao Zhan နား လာထိုင်တယ်။
Xiao-- ဒီနေ့ ကွင်းထဲမသွားဘူးလား Yibo...!
Yibo--အင်း... ကျွန်တော် Geကိုကူပြီး သိမ်းဆည်းပေးမယ်လေ..
Xiao Zhan ပြုံးရင်း Yibo ခေါင်းသုတ်နေတဲ့ သဘက်ကို ဆွဲယူလိုက်တယ်။ Yibo ကို ခေါင်းသုတ်ပေးဖို့ ပစ္စည်းထည့်နေတာကို ရပ်ပြီး Yibo ပခုံးကို Xiao Zhanဘက်ရောက်အောင် ဆွဲလှည့် လိုက်တယ်။ Yibo ကလဲ Xiao Zhan သဘောအတိုင်း ဘာမဆို လိုက်လျောပြီး ငြိမ်ခံနေပါတယ်။
Yibo ခေါင်းကို ခြောက်အောင် အသာအယာ ဖွဖွသုတ်ပေးရင်း Xiao Zhan တတွတ်တွတ် မှာနေတယ်။
Xiao-- ကိုယ် ဟိုရောက်နေတဲ့ အချိန်တွေမှာ ပုံမှန်အိပ်၊ ပုံမှန်စား.. လေ့ကျင့်တာကိုလဲ ဂရုစိုက်... အချိန်ရလို့ ကိုယ်ဖုန်းဆက်ရင်လဲ ကိုင်ဦးနော်။ ကိုယ်မအားရင် စာပို့ထား..! နေ့တိုင်း ဖုန်းဆက်နိုင်ရင် ဖုန်းဆက်နော်... ဒါမှ ကိုယ်လဲ မင်းကို အချိန်တိုင်း လွမ်းနေစရာ မလိုတော့ဘူးပေါ့ ..... နေမကောင်းတာတို့ ထိခိုက်မိတာတို့... တခုခုဆို ကိုယ့်ကိုပြောနော်။ ကိုယ့်ကို စိတ်ပူရအောင် မလုပ်နဲ့ ဟုတ်ပြီလား...
Yibo-- အင်း... ကျွန်တော်သိပါပြီ...
Xiao Zhan , Yibo နဲ့ခွဲရမယ့်အရေးကို တွေးပြီး ဝမ်းနည်းမိ ပါတယ်။ Yibo အနားမှာ အချိန်အကြာကြီး နေချင်တာ Xiao Zhan ဆန္ဒ ဆိုပေမယ့် ကိုယ့်ရဲ့ Careers အလုပ်ကိုက အနုပညာသမားအနေနဲ့ ရိုက်ကွင်းတည်ရာ နေရာဒေသအစုံကို ပြောင်းရွေ့နေရတတ်တာမို့ Yibo နားမှာ တွယ်ကပ်နေလို့ မရပါဘူး။ စိတ်ထဲ ခဏတာ ခွဲခွာရမှာလို့ တွေးပေမယ့်လဲ နောက်ထပ် အနာဂါတ်မှာလဲ ခဏခဏ အလုပ်ကိစ္စကြောင့် ဝေးနေကြရမှာပဲ.. ကျင့်သားရအောင် နေရမှာပဲလို့ Xiao Zhan တွေးရင်း ဖြေသိမ့်ရတယ်။
အကြာကြီး မတွေ့ရဘဲ နေရမှာမို့ အခုကတည်းက Xiao Zhan , Yibo မျက်နှာကို အဝ ကြည့်ထားပြီး အလွတ်ကျတ်ထားရမယ်။ Yibo ခေါင်းခြောက်သွားတော့ Xiao Zhan သူ့ပါးကို ဆွဲလှည့်ပြီး ချစ်စနိုး ဖက်နမ်းလိုက်တယ်။ အသက်ငယ်ငယ် ပါးဖောင်းဖောင်းနဲ့ တကယ့် ကလေးပေါက်လေးကျနေတာပဲ... ဘယ်လောက်ပဲ တည်ကြည်ချောမောတဲ့ ကောင်လေးတစ်ယောက် ဖြစ်နေပါစေ Xiao Zhan အတွက်တော့ Yibo က ချစ်ဖို့ကောင်းတဲ့ ကလေးလေးလို အမြဲ ချစ်မဝ.. အသဲတယားယားနဲ့ ဖက်ဖက်နမ်းပစ်ချင်တာ အကြိမ်မနည်း...

YOU ARE READING
The First Snow
Fanfictionပထမဆုံးကျတဲ့နှင်းမှာ ကိုယ့်လက်တွဲဖော် ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်တယ်တဲ့။