🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
Le-- ဘာပြောတယ် Xun Yi..!
Xun-- Xun Yi အားလုံးကို အမှန်တိုင်း ထုတ်ပြန် တော့မယ်...
Le-- ဘာလို့ အဲလို ဆုံးဖြတ်ချက် ချတာလဲ... အခုလို ထုတ်ပြန်ချက်က မင်းကို ဘယ်လောက် ထိခိုက်စေလဲ မင်းသိလား..?
Xun-- Xiao Zhan အတွက် မတရားဘူးလို့ ကျဲ မတွေးမိဘူးလား... အစကတည်းက Xun Yi အဲလို ဖြေရှင်းချက်ကို သဘောမတူချင်ခဲ့တာ.. ဘယ်သူမှ မမှားတဲ့ ကိစ္စမှာ Xun Yiအတွက်နဲ့ သူ့ကို ဒုက္ခရောက် စေခဲ့တာတွေကို တော်သင့်ပြီလို့ ထင်တယ်။
Le-- ဘာလဲ....Xun Yi နဲ့ Ta Ding တို့ အတူရှိနေတဲ့ ဓါတ်ပုံကြောင့် Xiao Zhan ကိုပါ ထိခိုက်စေတဲ့ သတင်း တစ်ချို့ထပ်ထွက်လာတာကြောင့်လား..
လူတွေက အမှန်တရားကို သိဖို့ မထိုက်တန်ပါဘူး Xun Yi ... သူတို့က အမှန်တိုင်းပြောရင် လိမ်တယ်လို့ ထင်ကြပြီး... ကိုယ်က လိမ်နေပြန်ရင်လဲ လူလိမ် တစ်ယောက်လို ပိုအပြစ်တင်ဖို့ပဲ စိတ်ကူးကြတာ..
မင်းပြောတာ အမှန်တရားပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သူတို့ ယုံချင်တာယုံပြီး မင်းရောက်နေတဲ့ နေရာကနေ ဆွဲချဖို့ပဲ တွေးကြတာ.. အခုချိန်မှာ တဖက်သားကို စာနာပေးတာ ထက် ကိုယ်ကိုယ်တိုင် မကျရှုံးအောင် စတေးပစ်သင့်ရင် စတေးရမှာပဲ... မင်းဒီနေရာကို ရောက်ဖို့ မလွယ်ကူခဲ့ ပေမယ့် မင်းကို ရိုက်ချမယ့်သူတွေက ခဏလေးနဲ့ အောက်ခြေထိ ဆွဲချသွားနိုင်တယ်နော်...
Xun-- Xun Yi အဲဒါတွေအားလုံးအတွက် ပြင်ဆင် ထားပြီးသားပါ... ကျဲ Xun Yiအတွက် စိတ်ပူလို့ ပြော ပေးတယ် ဆိုတာ သိပါတယ်။ ဒါကြောင့် ကျဲကလဲ Xun Yi ကို နားလည်ပေးပါ... Xun Yiအတွက် ဘယ်လို အခြေအနေမျိုးပဲဖြစ်ပါစေ Xun Yi ကိုယ်တိုင်ချခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်သမျှ အားလုံးကို Xun Yi တာဝန်ယူပါ့မယ်။ ကျဲ Xun Yiအတွက် ပူပင်ပေးဖို့ မလိုတော့ပါဘူး။ Xun Yi ဆုံးဖြတ်ချက်ကို မပြင်တော့ တာ သေချာပြီမို့လို့ ကျဲကပဲ Xun Yi ဆန္ဒကို လိုက်လျောပေးစေချင်တယ်....နော်... ကျဲ ... လက်ခံပေး နိုင်မလား....
Xun Yiရဲ့ ဖျောင်းဖျစကားကြောင့် Ji Le ဘယ်လိုမှ ငြင်းဆန်မရဘဲ လောလောဆယ် ငြိမ်နေလိုက်တယ်။ Xun Yi နဲ့ပတ်သက်ပြီးထွက်လာမယ့်သတင်းတွေ အတွက် Ji Le ကြိုရင်မောနေရတယ်။

YOU ARE READING
The First Snow
Fanfictionပထမဆုံးကျတဲ့နှင်းမှာ ကိုယ့်လက်တွဲဖော် ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်တယ်တဲ့။