❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️ကျောင်းရဲ့ လူရှင်းတတ်တဲ့ ဒီနေရာလေးမှာ မင်း စကိတ် စီးလေ့ကျင့်နေတတ်တယ်။ ဘယ်သူနဲ့မှ အဆက်ဆံ မလုပ်ဘဲ တစ်ယောက်တည်းသီးသန့် နေရတာကို ကြိုက် တဲ့ မင်းရဲ့ အထီးကျန်ဆန်ဆန် အကျင့်စရိုက်တွေက အခု ချိန်ထိ လွှမ်းမိုးနေဆဲပဲလား... မင်းရဲ့ အထီးကျန်ဆန်တဲ့ ဘဝကို နွေးထွေးမှုတွေ အပြည့်အဝ မပေးနိုင်ခဲ့တဲ့အတွက် ကိုယ်တောင်းပန်ပါတယ် Yibo....
မနှစ်က ဒီလိုနှင်းထဲမှာ စဆုံစည်းခဲ့တဲ့ နေရာလေးကို Xiao Zhan အလွမ်းပြေ ရောက်လာခဲ့တယ်။ Yibo နဲ့ ပထမဆုံး တွေ့ဆုံခဲ့တဲ့နေ့ဟာ Xiao Zhanအတွက် အမြဲ အမှတ်ရနေမိစေတဲ့ နေ့လေးတစ်နေ့ပါပဲ...
Xiao Zhan အတိတ်ကို ပြန်တမ်းတမိစွာ အေးစက်တဲ့ နှင်းမှုန်တွေထဲမှာ အအေးဒဏ်ကို အံတုပြီး ခြေစုံရပ်နေ တယ်။ မျက်ရည်ကြည်တို့ တွဲခိုနေတဲ့ မျက်ဝန်းအိမ် ကြောင့် မြင်ရသမျှ အရာရာ ဝေဝါးနေပါတယ်။ အဖြူရောင် ခြုံလွှာ ရစ်သိုင်းထားတဲ့ ဒီနေရာလေးမှာ အခုတော့ သူတစ်ယောက်တည်း လွမ်းမောစရာအတိတ်နဲ့ သက်ဆိုင်တဲ့ တစ်ယောက်သောသူကို တမ်းတနေပါတယ်။
Xiao Zhan ခေါင်းငုံ့ရင်း မျက်ရည်တွေကို သုတ်ဖို့ ပြင်နေတုန်း... နောက်ကျောဘက်ဆီကနေ နွေးထွေးတဲ့ လက်တစ်စုံနဲ့ သိုင်းဖက်ခြင်းခံလိုက်ရတာကြောင့် Xiao Zhan ထိတ်လန့်သွားတယ်။ တင်းကြပ်လွန်းစွာ Xiao Zhanကို ရုန်းမရအောင် ဖက်တွယ်ထားတဲ့ လက်တွေကို ငုံ့ကြည့်ရင်း Xiao Zhan အံ့ဩနေမိတုန်း..
"Ge......"
ညင်သာတိုးဖျော့တဲ့ခေါ်သံလေးကို ကြားမိတော့ Xiao Zhan နှလုံးသားဆီက လှိုက်ခနဲ တုန်ယင်လာမိတယ်။ Xiao Zhanကို လွတ်ထွက်သွားမတတ် ဖက်တွယ်ထား တဲ့ Yibo လက်တွေက ရုန်းထွက်ဖို့ မဖြစ်နိုင်အောင် သန်မာလွန်းပါတယ်။
Yibo-- ကျွန်တော် Ge ကို ဒီမှာ တွေ့မယ်ဆိုတာ သေချာပေါက် ယုံကြည်နေတယ်... Ge လဲ ကျွန်တော့်လို ပထမဆုံးနှင်းထဲမှာ ပထမဆုံးဆုံတွေ့ခဲ့တဲ့ ဒီနေရာကို လွမ်းနေမယ်ဆိုတာ ကျွန်တော် သိနေတယ်။ Ge ကျွန်တော့်ကို လွမ်းနေမယ်ဆိုတာ ကျိန်းသေတယ်။ ဟုတ်တယ် မှတ်လား... မညာချင်ပါနဲ့ Ge ရယ်...
YOU ARE READING
The First Snow
Fanfictionပထမဆုံးကျတဲ့နှင်းမှာ ကိုယ့်လက်တွဲဖော် ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်တယ်တဲ့။