Extra(Z & U)

2K 203 38
                                    

Zawgyi

"နေရိပ်လေး..ကိုယ့်နေရိပ်လေး..ကိုယ့်အသည်းနှလုံးလေး''

မသောက်ဖို့အတန်တန်တားသည့်ကြားက မရမက ယူသောက်ပြီး ယခုကျ New Yearအော်ရမည့်အစား သူ့ကိုသာ ဝေါဟာရအမျိုးမျိုးဖြင့် ရေရွတ်နေလေသည်၊၊

"ရယ်မနေနဲ့ ကိုမောင်ကြီး..မသောက်နိုင်ပါဘူးပြောနေတာကို အတင်းလိုက်မြှောက်ပေးတာ..ခုကြည့် ''

ဘေးကရပ်ကြည့်ကာ ခွီလို့ကောင်းနေသော ကိုမောင်ကြီးကိုပါ မဆီမဆိုင် ပိတ်ဟောက်မိတော့သည်၊ပြင်ဦးလွင်မှာ နှစ်သစ်လာကြိုပါတယ်ဆို ခုတော့ ဆရာမူးတာ ထိုင်ကြည့်နေရသည့်အဖြစ်။

"ကျွန်တော်က သဘောကျလို့ပါဗျ...အကိုငယ် စဉ်းစားကြည့်..အကိုလေးက ဘယ်တုန်းက အဲ့လိုတွေ တီတီတာတာလုပ်လို့တုန်း..ခုများကြည့်စမ်း..မူးနေတော့မှ သူ့လင်ကို ဘယ်လောက်မြတ်နိုးလဲ သိရတော့တယ်''

ဟုတ်တော့ဟုတ်သည်။ပုံမှန်ဆို ကလေးလို့ခေါ်တာက အချိုဆုံးပင်။ခုလိုတွေ အမည်နာမစုံနေအောင်ကြားဖို့ကတော့ ဝေလာဝေး။

"ချမ်း တယ် ''

လက်နှစ်ဖက်ကို အတင်းပိုက်ထားပြီး ခပ်တိုးတိုးထွက်လာသည့် အသံကြောင့် ဘေးကရှိသည့် အနွေးထည်ကို ဆွဲယူဝတ်ပေးရပြန်သည်။ဒီအနွေးထည်ကို ဝတ်လိုက်၊ချွတ်လိုက်လုပ်နေတာ ၃ခါမကတော့ပြီ။

"အိပ်ကြမယ်လေ နော်''

"မအိပ်ချင်သေးပါဘူး..အော်ရဦးမှာ ''

"ဘယ်ကိုအော်မှာလဲ..ခု ၁နာရီထိုးတော့မှာဗျ..နှစ်သစ်က ရောက်ပြီးလို့ ပြန်တောင်ကုန်တော့မယ်..ထ သွားအိပ်ကြမယ်''

"ဗိုက်ဆာတယ်''

လုပ်ပြန်ပြီ။ဟုတ်လေလား မဟုတ်လေလားက မသိ။

"ကဲ ကိုမောင်ကြီးရေ ..လုပ်ပါဦးဗျာ တစ်ခုခုလေး''

"ထမင်းနဲ့ ဆတ်သားဖုတ်လေးနဲ့ လုပ်ပေးရမလား''

သူ ခေါင်းညိတ်ပြလိုက်တော့ ကိုမောင်ကြီးတစ်ယောက် အိမ်နောက်ဖေးပြေးရလေပြီ။ဒီနေ့မှ ကိုမောင်ကြီးကတော်ကလည်းမရှိ။ကိုမောင်ကြီး ကျန်နေခဲ့တာတောင် ကျေးဇူးတင်ရမလို။ခဏနေတော့ ထမင်းပူပူလေးပေါ် ဆီဆမ်း ဆတ်သားခြောက်မျှင်လေးတွေပုံနေအောင် ဖြူးထားတဲ့ပန်းကန်လေး ရောက်လာလေသည်။

You've reached the end of published parts.

⏰ Last updated: Mar 07 ⏰

Add this story to your Library to get notified about new parts!

Eyes of loveWhere stories live. Discover now