Zawgyi
အမြဲလိုလို တိတ်ဆိတ်နေသော အိမ်ဟာ ဒီနေ့တော့ ဆူဆူညံညံ အသံတစ်ချို့ ကြားနေရလေသည်၊။အခန်းထဲမှာဆို မကြားရနိုင်ပေမဲ့ ကောင်းစစ် အခန်း air conပျက်နေသည့် အချိန်နှင့်ဆုံပြီး ဧည့်ခန်းထဲထွက်သင်နေခိုက်မို့ နားမထောင်လည်းပဲ အတိုင်းသားသာ။
"အငယ်ကို..အပြင်မသွားဖို့ ပြောနေတာ မဟုတ်ဘူးလေ၊အဲ့ဒီ Barကိုပဲ မသွားစေချင်တာ...''
"ခုက သားတစ်ယောက်တည်းမှ မဟုတ်တာ..အဲလစ်ရှိတယ်လေ....အဲလစ်ရှိနေလို့ သွားမှာပါဆို"
အစ်မလုပ်သူရဲ့ စကားကို ပြန်လည်အော်ဟစ်တာမျိုး မဟုတ်ဘဲ ပူစာသလို ချွဲတဲတဲ ပြန်ပြောနေသည့် လေသံပျော့ပျော့ကြောင့် သူ ဖျက်ခနဲ ပြုံးမိလိုက်ပါသည်။ဒီကောင်လေးဟာ ဒီလိုလည်း ကလေးဆန်တတ်ပါ၏။
"ဆရာ..ပြုံးလိုက်တာလား''
"ဟမ်...မပြုံးပါဘူး...''
ဗြောင်လိမ်မိပေမဲ့ မတတ်နိုင်ပေ။ကောင်းစစ်ကတော့ ဘောပင်အဖုံးကို မေး မှာထောက်ရင်း..
"ဆရာ့ကိုသားမေးချင်နေတာ..ဆရာက ဘာလို့ မရယ်မပြုံးတာလဲ.''
"ပြုံးပါတယ်...ဒါပေမဲ့အကျိုးအကြောင်းတော့ ရှိမှာပေါ့...ပုံမှန်တော့ဆရာကမျက်နှာချိုတဲ့အထဲမပါဘူး''
"အင်း...သိပါတယ်.. ''
မေးချင်တာမေးပြီးတော့ ကောင်းစစ်တစ်ယောက် ငြိမ်ကျသွားပြန်သည်။ကောင်းစစ်ကလေ ကလေးဆိုပေမဲ့ လူကြီးတစ်ယောက်လို သိတက်လိမ္မာပြီး သူ့အရိပ်အကဲကိုလည်း တအား သိပါသည်။
"အားနာလိုက်တာဆရာရယ်...ကျွန်မတို့ မောင်နှမဆူနေတာနဲ့ စာတောင်အေးဆေးသင်ရရဲ့လား...''
ပြန်ဖို့ အပေါက်ဝ ရောက်ကာမှ ကောင်းစစ်မေမေတစ်ယောက် အပြေးလိုက်လာရင်း အားတုံ့အားနာ ပြောရှာပါသည်။မောင်နှမနှစ်ယောက်ရန်ပွဲ ပြီးသွားပြီ ထင်ပါရဲ့။
"ရပါတယ်''
"အငယ်ကောင်ရယ်လေ...Bar သွားချင်တယ်ဆိုလို့ ဆူနေတာ...အဲ့ဒီBar ကို သွားတိုင်း အကောင်းအတိုင်း ပြန်လာတာ တစ်ခါမှ မရှိဘူးလေ''
YOU ARE READING
Eyes of love
Romanceဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးဖွဲ့ထားခြင်း ဖြစ်သောကြောင့် အကြောင်းအရာတစ်စုံတရာ တိုက်ဆိုင်သွားခဲ့လျှင် နားလည်ပေးပါရန်နှင့်..၊လွဲချော်မှုနှင့်လွဲအပ်ချက်များ ရှိလျှင်လည်း..စာရေးသူ၏ အားနည်းချက်သာ ဖြစ်ကြောင်း.မေတ္တာ ရပ်ခံအပ်ပါသည်။ စတင်သည...