Ep...26(Z & U)

1.2K 215 47
                                    

Zawgyi

ကိုယ့်ကို မချစ်နိုင်သည့် လူတစ်ယောက်ကို အပြီးအပိုင် စွန့်လွှတ်ပြီးနောက် လွှာ့စိတ်တွေ သိပ်ကို ပေါ့ပါးနေခဲ့သည်။အချစ်ဆိုတာ လုပ်ယူလို့မရမှန်း လွှာနားလည်ခဲ့ရလေပြီ။သို့ပေသိ ကိုမင်းအပေါ်ချစ်ခင်လေးစားမှုမှာ ပြန်ချစ်ပါစေရယ်လို့‌ မရူးခဲ့ဖူးတာအမှန်ပါ။

လက်မှနာရီကို ငုံ့ကြည့်တော့ ၁နာရီထိုးလုလု။မကြာခင် လေယာဉ်ပေါ် တက်ရတော့မည်။လိုက်ပို့မည်ဆိုသော ကိုမင်းက ရောက်မလာ။

"အရေးကြီး meeting ရှိလို့ sorryပါ..လွှာ''

နောက်ဆုံးအချိန်ထိတောင် ထုံးစံမပျက်‌ စာလေးတစ်စောင်ဖြင့် လွှာကို နှစ်သိမ့်သည်။

"ဒေါက်တာ...''

လက်ကောက်ဝတ်ပေါ်ရောက်ရှိလာသော လက်ချောင်းရှည်များ။

"ဘုန်းကံဆင့်...''

"ဒီလောက် အဝေးကြီးသွားမှာတောင် ကျွန်တော် မသိခဲ့ရဘူး..ဒေါက်တာရယ်...''

.လွှာ့လက်ကို ရုန်းကန်လိုက်တော့...

"အာ..sorry...''

သူနှင့်လွှာကြားမှာ ပြောပလောက်အောင် ရင်းနှီးတာမျိုးမဟုတ်သည့်အတွက် လွှာ့ဘက်က ခပ်တန်းတန်းဆက်ဆံပေမဲ့ သူကတော့ အရမ်းကို ရင်းနှီးသယောင်။

"ကျွန်မ...ဝင်ရတော့မယ်.''

လွှာ့ကိုခေါင်းသာညိတ်ပြပြီး လွှာ့အိတ်ကို ဆွဲလို့ အဝင်ဝနားအထိ လိုက်ပို့လေသည်။လွှာ့ကံကလည်း  ရယ်စရာကောင်းလွန်း၏။မျှော်တဲ့သူက ရောက်မလာဘဲ မထင်ထားသူက အိတ်ပင်ဆွဲလို့လိုက်ပို့ပေးနေသည်။

"ကျေးဇူးတင်ပါတယ်...ကျွန်မ ဝင်တော့မယ်...''

"ကျွန်တော်...လိုက်လာခဲ့မယ်...''

လွှာမည်သည့်စကားမှ မတုန့်ပြန်ဘဲ ဒီတိုင်းသာ ထွက်လာခဲ့ပါသည်။သူကရော လွှာက ဘာတွေကောင်းနေလို့ဘယ်လောက်ပြောပြော မနာနိုင်ဘဲ တွယ်ကပ်နေသလဲမသိ။ခပ်လှမ်းလှမ်းရောက်မှ မသိမသာ လှည့်ကြည့်တော့ ယခုတိုင် ရပ်ငေးနေဆဲ။လွှာ လှည့်ကြည့်တာ ရိပ်မိသွားဟန်ဖြင့် လက်လှမ်းပြနေတာမို့ မသိဟန်ပင်ဆောင်ထားလိုက်ပါသည်။

Eyes of loveWhere stories live. Discover now