Ep..15(Z & U)

1.1K 201 32
                                    

Zawgyi
ခြံထဲကို ဝင်ဝင်ချင်းမှာပင် မိုးပန်းနှင့်ဆုံပြီး မိုးပန်းရဲ့မျက်နှာရိပ်ဝယ် တစ်ခုခုပြောချင်နေသည့်ဟန်ပန်။အရင်ဆို သူ ပြန်ရောက်လာသည်နှင့် ပြေးကြိုကာ အိတ်ဆွဲပေးတတ်သူက ခုတော့ ကြောင်အ၍သာ ကြည့်နေလေသည်။အဖေ့ကို ဆိုင်သိမ်းပေးနေဆဲမို့ ထွေထူးမမေးဖြစ်တော့ဘဲ သူလည်း အိမ်ပေါ်တက်သို့ လှမ်းတက်လိုက်ပါ၏။

ထမင်းဝိုင်းမှာလည်း မိုးပန်းက အရိပ်တကြည့်ကြည့်ရယ်ပါ။သို့ပေသိ မျက်နှာရိပ်မျက်နှာကဲကိုသာ လိုက်ကြည့်နေပြီး တစ်ခုခုပြောဖို့အရေး အားယူနေသလားမသိ။

"သား...ဒီနေ့ရော လူလေး လိုက်ပို့တာလား...''

"ဟုတ်ကဲ့ အဖေ.. ''

"အဲ့ဒီလူလေး..ဆိုတာက.....''

ထိုစကားသံသည် မိုးပန်းဆီမှ ထွက်လာခြင်းဖြစ်သည်။သူ ထမင်းဝါးနေရာကနေ မျက်လုံးလှန်ကြည့်လိုက်တော့ မိုးပန်းရဲ့ မျက်လွှာများဟာ ချက်ချင်းဆိုသလို အောက်ငုံ့ကြည့်ရက်သား။

"လူလေးဆိုတာ သမီးအကို စာသင်တဲ့ကလေးရဲ့ ဦးလေးလေ။ခမျာမှာကွယ်.. သားကြီးကို အတော်လေး ခင်ပုံရတယ်။ကျူရှင်အသွားအပြန်ကအစ အပို့အကြိုလုပ်ပေးနေတာ..၊အဖေလည်း စိတ်မချနေတာနဲ့ အတော်ဘဲ...။အဖေက သားမက်ကလေးတောင် တော်ချင်နေတာနော်...။ငါ့သမီးနဲ့ တစ်ချက်မှမကြုံလို့...''

အပြည့်အစုံရှင်းပြနေတာက အဖေဆိုပေမဲ့ မိုးပန်းရဲ့အကြည့်များက သူ့ထံသာ ရစ်ဝဲနေသည်။ဒီတိုင်းထားလို့တော့ မဖြစ်တော့ပေ။

"မိုးပန်း..နင် ငါ့ကို ပြောစရာရှိနေတယ်မလား...ပြီးရင် အခန်းထဲ လိုက်လာခဲ့"

ပြောပြီးသည်နှင့် အပေါ်တက်လာခဲ့လိုက်ပြီး အခန်းထဲမှာပဲ အဆင်သင့်ထိုင်စောင့်နေလိုက်သည်။ခဏကြာတော့ တံခါးခေါက်သံနှင့်အတူ နွားနို့ခွက်လေး ကိုင်လျက် မိုးပန်းရောက်လာပါသည်။အခန်းထဲလည်း သူ ခွင့်မပြုဘဲ မဝင်ရဲ။

"ကိုကြီး...''

"အင်း...လာ....''

မိုးပန်းက စာကြည့်စားပွဲရှေ့မှာ ဝင်ထိုင်ပြီး သူနှင့် ခပ်စောင်းစောင်း နေရာယူလေသည်။

Eyes of loveWhere stories live. Discover now