Zawgyi
ကိုမင်းနှင့်အတူ ပထမဆုံး ခရီးထွက်ဖူးခြင်းမို့ လွှာတစ်ယောက် အပျော်ကြီးပျော်နေမိသည်။ဒါတင်မကသေး ကိုမင်းက ရှေ့ခန်းမှာ ဆက်နေရိပ်နှင့် အတူမစီးဘဲ လွှာ့ဘေး လာထိုင်သည် မဟုတ်လား..။
"အိပ်ငိုက်လား..နေရိပ်...''
"အင်း..ရပါတယ်...''
"ညဘက်လာတော့...မင်း..ပိုပင်ပန်းတာပေါ့ကွ...''
"ဘာပဲဖြစ်ဖြစ်..အစောကြီး..ရောက်မယ်လေ..ကျွန်တော်က...ညဘက်မောင်းရတာပဲ...ကြိုက်တာ..''
ညဘက်ခရီးသွားရတာကို မနှစ်သက်သည့်ကိုမင်းက ဘာကြောင့်ညဘက်သွားသလဲဆိုပြီး တွေးနေမိပေမဲ့ ခုတော့ ဆက်နေရိပ်အလိုကျ လုပ်လာမှန်းသိလိုက်ရလေပြီ။
"ကိုဆက်.. သကြားလုံးငုံမလား...''
ဘေးမှာထိုင်နေသော မိုးပန်းက အိတ်ထဲအဆင်သင့်ရှိသော သကြားလုံးကို ဆက်နေရိပ်ဘက် ထုတ်ကာ ပေးလေသည်။အနေအထားကြည့်ရသလောက် ဆက်နေရိပ်နှင့် မိုးပန်းလည်း အနေသိပ်စိမ်းကြတယ်ရယ်တော့ မဟုတ်။ဒီလောက်ထိ အိမ်ကို ဝင်ထွက်နေတော့လည်း အနည်းနှင့် အများတော့ ရင်းနှီးတာ မထူးဆန်း။
"ကဲပါဟယ်...ငါ့ကိုပေး..နင် ဖောက်နေတာနဲ့ပဲ...စားရမှာ မဟုတ်တော့ဘူး...''
"အေးအေး..ကျေးဇူးဟာ..''
ရွယ်တူချင်းလည်းဖြစ်သလို မိုးပန်းရော ဆက်နေရိပ်ရော အသွက်ကလေးတွေမို့ ကြည့်ရတာတောင် လိုက်ဖက်နေသလို။သို့ပေမဲ့.....။
"ဆရာ...အိပ်ချင်အိပ်နော်...ကျွန်တော်...အဆင်ပြေတယ်...''
"အင်း...''
တစ်လုံးတည်း ပြန်ဖြေသံကြောင့်ထင်ရဲ့ ။ကားမောင်းနေရာကနေ နောက်ကို လှည့်ပြီးကြည့်လေသည်။လွှာလည်းလေ တစ်ကားတည်း အတူစီးလာရင်းတောင် ဘာကြောင့်ရယ် ဘေးရောက်နေသလို ခံစားရသည်မသိ။ပြီးတော့ ကိုယ်က လက်ထပ်ဖို့ရည်ရွယ်ခံထားရသူ..,တစ်ဖက်က ယောကျာ်းလေးမိတ်ဆွေ။ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်က တစ်ပန်းသာနေပြီးသားပင်။
"လွှာ...အိပ်ချင်အိပ်နော်...မနေ့က..night ဆင်းထားပြီး ဒီနေ့လည်း တစ်ချက်မှ ပြန်မအိပ်ရသေးဘူး မဟုတ်လား...''
YOU ARE READING
Eyes of love
Romanceဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးဖွဲ့ထားခြင်း ဖြစ်သောကြောင့် အကြောင်းအရာတစ်စုံတရာ တိုက်ဆိုင်သွားခဲ့လျှင် နားလည်ပေးပါရန်နှင့်..၊လွဲချော်မှုနှင့်လွဲအပ်ချက်များ ရှိလျှင်လည်း..စာရေးသူ၏ အားနည်းချက်သာ ဖြစ်ကြောင်း.မေတ္တာ ရပ်ခံအပ်ပါသည်။ စတင်သည...